အခန်း(၁၀)

Start from the beginning
                                    

အခြေခံတည်ထောင်ခြင်းအဆင့်၌သာရှိသေး
သော်လည်းသူမငယ်စဥ်ကတည်းပင်ဂိုဏ်း
တစ်ဂိုဏ်းလုံး၏အစောင့်အရှောက်အောက်၌
ကြီးပြင်းလာခဲ့သည်။မရေမတွက်နိုင်အောင်
များပြားသောအဆောင်လက်ဖွဲ့နှင့်မှော်လက်
နက်များသယ်ဆောင်လာပြီးမာနထောင်လွှား
ခြင်းနှင့်အကျိုးအကြောင်းမဆီလျော်သော
အကျင့်စရိုက်ကိုပါထပ်လောင်းပေါင်းထည့်
လိုက်လျှင်ထိုရွှယ်ပင်းအာမှာပြသနာအိုးလို
လူစားပင်ဖြစ်၏။

ဝင်လာသူနှစ်ဦးအနက်အမျိုးသားမှာတော့
နက်မှောင်သောဆံနွယ်အားအနက်ရောင်
ကျောက်ရိုင်းသရဖူအဆောင်အ​ယောင်ဖြင့်
ချည်နှောင်ထားပြီးအသွင်အပြင်မှာရိုးရှင်း
ကာလူအုပ်အလယ်၌ပစ်ထားလျှင်တောင်
သူ့ကိုမမှတ်မိနိုင်လောက်ပေ။

ဝမ်ရွှမ်ယခင်ကထိုလူနှင့်ဆုံဖူးပြီးသူ့အမည်မှာ 'ချင်ရှိယွီ'ဖြစ်၏။သိပ်မကြာသေးမီကပင်ထက်မြက်သည့်လူသိများသောပုဂ္ဂိုလ်တစ်ဦးဖြစ်လာခဲ့သည်။သူ၏စွမ်းအားမှာသိပ်အထင်
ကြီးစရာမဟုတ်ခဲ့သော်လည်းနှစ်စဥ်နှစ်တိုင်းတိုးတက်လာမှုကတော့အံ့သြစရာဖြစ်ခဲ့ပြီးအမှန်တကယ်ပင်'ဖန်လိုင်'ဂိုဏ်း၏အောက်ဆုံးအဆင့်တပည့်မှအမြုတေအဆင့်တပည့်အထိဖြစ်လာခဲ့၏။တိုက်ခိုက်ရေးတွင်အလွန်ထူးချွန်ပြီးနှစ်ပေါင်းများစွာရှုံးပွဲမရှိခဲ့ဖူးပေ။လွန်ခဲ့သောနှစ်အနည်းငယ်အတွင်းကယွမ်စုစည်းခြင်းအဆင့်သို့ရောက်ရှိခဲ့ပြီးပိုမိုထူး
ချွန်လာခဲ့သည်။

သာမာန်အချိန်တွင်တော့ထိုနှစ်ဦးအနက်တစ်ဦးကိုမှရန်စရန်ဝမ်ရွှမ်ကြိုးစားမိမည်မဟုတ်
သော်လည်းယခုအခြေအနေတွင်တော့မျက်နှာချင်းဆိုင်ယုံမျှအပအခြားမရှိတော့ချေ။အဆုံးသတ်ကတော့သေချာပေါက်
ကောင်းကောင်းမွန်မွန်လေးပြီးဆုံးသွားမှာ
မဟုတ်ဘူး..

လှိုဏ်ဂူမှာပြင်းထန်စွာလှုပ်ခါသွားပြီးကျယ်
လောင်သောအသံနောက်တစ်ဖန်ထွက်ပေါ်
လာကာထိုနှစ်ဦးသည်ပြင်းထန်သောစွမ်း
အားဖြင့်အတားအဆီးကိုကျော်ဖြတ်လာခဲ့
၏။နောက်ဆုံးတွင်တော့အခြားတစ်ဖက်၌
လူနှစ်ဦးရှိနေသေးသည်ကိုသူတို့လည်းသတိ
ပြုမိသွားပြီးခေတ္တခဏအံ့သြသွားခဲ့ကြ
သည်။

တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Completed]Where stories live. Discover now