"မား...သူပြောတာ တကယ်ကြီလား "

"အင်း... "

"ဝါး... မာမား ခြေလှမ်းတွေပျက်နေတာကြာပီ တစ်ယောက်ယောက်နဲ့ဆိုတာသိပေမဲ့ ဒီလောက်အထိမတွေးခဲ့မိဘူး "

"ကျန့်ကျန့်... မားတို့အတွက်မလွယ်ကူခဲ့ပါဘူး
အများကြီးစဥ်းစားပြီးမှဆုံးဖြတ်ခဲ့ရတာပါ ''

"...."

"မားတို့ကိုမခွဲပါနဲ့နော် မားအကြောင်းလဲသားတို့သိတယ်မလား မောင်နဲ့မှ မားချစ်မိသွားတာပါ "

ရှောင်ကျန့် မျက်လုံးပင့်လိုက်မိသည်... မောင်နဲ့မတဲ့...

ဟူး...

ရှောင်ကျန့်သက်ပြင်းချကာ ရှောင်မားလက်ကိုဆုပ်ကိုင်ပြီး...
"သဘောပါ မာမားဘဝကို မာမားကြိုက်သလိုရေးခြယ်လို့ရပါတယ် သားဘာမှဝင်မစွက်ဖက်ပါဘူး... မစိုးရိမ်ပါနဲ့ ''

ထိုစကားကြားတော့မှ ၄ယောက်သားအပြုံးတွေနဲ့ နေ့လည်စားပျော်ပျော်ရွှင်ရွှင်ပဲ စားလိုက်ကြတော့သည်။

.......................

"ကော..."

"ဟင်"

"ကောလို့ "

"ဟင်လို့ ပြောလေ"

laptopကိုအာရုံစိုက်အလုပ်လုပ်နေတဲ့ ရှောင်ကျန့်နောက်ကနေ ခါးကိုဖက်ကာ ကျောကိုမျက်နှာအပ်ပြီး တကောထဲကောနေတဲ့ ရိပေါ်ရယ်ပါ...

ဘာဖြစ်ချင်နေတာလဲဆိုတာတော့ ရိပေါ်ကိုယ်တိုင်သာသိလိမ့်မည်။

"ကော...လို့..."

ရှောင်ကျန့် အလုပ်တွေသိမ်း ရိပေါ်လက်ကိုဆွဲကာ မျက်နှာချင်းဆိုင်လိုက်ပြီး...

"ကဲ...ဝမ်ရိပေါ် ဘာဖြစ်ချင်တာလဲ ပြော "

"ကိုယ်တို့ ကလေးယူကြမလား "

"ဟင်..."
ရှောင်ကျန့်လန့်သွားရသည်။ ရိပေါ်က ကလေးယူကြမလားတဲ့....

"ကိုယ် ကောနဲ့တူတဲ့သားလေးလိုချင်တယ် "

"ဝမ်...ဝမ်လေး "

ဝမ်လေးက ကလေးလိုချင်တယ်တဲ့...
ရှောင်ကျန့်လက်တွေတုန်လာခဲ့သည်။

ငါဝမ်းသာရမှာလား ဝမ်းနည်းရမှာလား အကယ်၍ ဝမ်လေးသိသွားခဲ့ရင်.....

Game Of LifeWhere stories live. Discover now