ရှန်းချိုက် သူ့ကိုယ်သူ ' ငါဘယ်တုန်းကများ "ကွာဟချက်" ဆိုတာနဲ့ " လူတိုင်းကို အမီမလိုက်နိုင်တဲ့လူတစ်ယောက် " ဖြစ်လာခဲ့တာလဲ ' ဟု တွေးကာ သူ့ကိုယ်သူဖြောင်းဖြနေမိသည်။

နံနက်ခင်း စန္ဒယားသင်ခန်းစာများအပြီးတွင် ကျောင်းသားများသည် ကန်တင်းသို့အလျင်အမြန်သွားကြ၏။ နေ့လည်ပိုင်းတွင် တစ်နာရီခွဲခန့် အချိန်ရပြီး အလုံအလောက်စားပြီးပါက တရေးတမောအိပ်ရန် အိပ်ဆောင်ကို ပြန်သွားနိုင်သည်။

ရှန်းချိုက်ကတော့ မသွားပေ။ သူသည် စန္ဒယားစာသင်ခန်း၌ တစ်ယောက်တည်းနေခဲ့ပြီး ကီးတွေကို တတောင်တောင်ဖြင့် တီးကြည့်နေခဲ့သည်။

တံခါးဝတွင် ခေါင်းလေးတစ်ခြမ်း ပေါ်လာပြီး မိန်းကလေးတစ်ဦး၏ သွက်လက်သောအသံလေး ပေါ်လာ၏။ " ရှန်းချိုက်! သွားရအောင်လေ. . . နင် ဘာ​လို့စားဖို့သောက်ဖို့ကို စိတ်မလှုပ်ရှားရတာလဲ?? "

ရှန်းချိုက် မပြောနိုင်ပေ။ သူက စန္ဒယားဆက်တီးချင်နေတာဖြစ်သည်။

ချီကျိက အခန်းထဲသို့ ၀င်လာပြီး " နင်ရဲ့ ပထမဆုံးစန္ဒယားသင်ခန်းစာက ကောင်းကောင်းအဆင်မပြေဘူးလား?? "

" အစပျိုးကိုတောင် ​မတီးနိုင်ဘူး၊ ငါဘာဂျာကိုပဲ ရွေးလိုက်သင့်တယ်" ရှန်းချိုက်က မျှော်လင့်ချက်မဲ့စွာကြည့်ရင်း " ငါပြောင်းလို့ ရသေးလား??"

" နင်တတ်နိုင်ရင်တော့ လုပ်လို့ရတယ်၊ ဒါပေမယ့် ငါတို့ကျောင်းမှာ ဘာဂျာအတန်း မရှိဘူးလေ "

" ... "

ချီကျိသည် သူ့ဘေးတွင်ထိုင်ပြီး သူ့တေးဂီတစာရွက်ကို ဖွင့်ကြည့်လိုက်သည်။ " နင်ငါ့ကို အကူအညီတောင်းရင် ကောင်းမယ်နော် . . . အရာအားလုံး ငါ့ကိုလွှဲထားလိုက် "

ဒီဟန်ပန်က သူနဲ့အတူ စန္ဒယားလေ့ကျင့်ပေးချင်ပုံရသည်။

အစားအစာကို အလွန်နှစ်သက်သော ချီကျိသည် သူနှင့်အတူလေ့ကျင့်ပေးရန် နေ့လည်စာတောင်မစားခဲ့ပေ။ ဒီလို သူငယ်ချင်းတစ်ယောက်သာ ရှိနေခဲ့ရင် ပါတနာဆိုတာ ဘယ်လိုလုပ် လိုတော့မှာလဲ??

ရှန်းချိုက်သည် အထူးသဖြင့် ခံစားထိရှသွားရပြီး အားတက်သွားတော့သည်။ သူသည် ဗိုက်ဆာသော်လည်း တစ်နာရီလောက် အသံများ တသောသောညံအောင် လေ့ကျင့်ခဲ့ပြီး နောက်ဆုံးတွင် တီးကွက်ငါးကွက်ကို သင်ယူခဲ့၏။

Cāi Cāi || ချိုက်ချိုက် || [ မြန်မာဘာသာပြန်] (Completed)Where stories live. Discover now