ဆရာမကိုသာ သူ ပထုတ်ချင်နေမိသည်။ " ဆရာမ၊ ကျွန်တော်ကိုယ်တိုင် လုပ်ကြည့်လိုက်ပါ့မယ်. . . တစ်ခြားကျောင်းသားတွေကိုပဲ သွားကြည့်လိုက်ပါ "

စန္ဒယားစာသင်ခန်း၌ နောက်ထပ် အခြားသော ကျောင်းသားခုနစ်ယောက်သည် စန္ဒယားစွမ်းဆောင်ရည်အတန်းကို သူ့နည်းတူရွေးချယ်ကြသည်။ သူတို့သည်လည်း ကျောင်းစဝင်သည့် အသက် ၁၁ နှစ် ဒါမှမဟုတ် ၁၂ နှစ်မှာ စန္ဒရားကို စတင်သင်ယူခဲ့ကြခြင်းပင်။ သူတို့အားလုံးရှေ့ရှိ စန္ဒယားခုံပေါ်တွင် တေးဂီတစာရွက်ထူထူကြီးများ ရှိနေကြသည်။ Bach, Hanon, Czerny စသည်ဖြင့်ပင်။ သို့သော် သူသည်တော့ဟန်ချက်ညီအောင်လေ့ကျင့်ရန် အခြေခံသင်ခန်းစာများနှင့်သာ ရင်ဆိုင်နေရသည်။

သူလေ့ကျင့်နေစဉ် ထိုအတန်းဖော်များသည် သူတို့ရဲ့ကိုယ်ပိုင်လေ့ကျင့်မှုကို ရပ်တန့်လိုက်ကြပြီး သူ့ကိုသာ စူးစူးစိုက်စိုက်ကြည့်နေကြကာ နှစ်ပေါင်း ၈၀၀ လောက် မမြင်ဖူးသော တိုက်ရိုက်လိုက်ရှိုးပွဲကြည့်နေကြသလိုပင်။

ရှန်းချိုက်လည်း သူသည်တကယ့်ကို လိုက်ရှိုးပွဲဖြစ်နေမည်ဟု ခန့်မှန်းမိသည်။

ဂီတဆရာမသည် ထိုပျင်းရိသောအတန်းဖော်များကို သတိပြုမိသွားကာ သူမခေါင်းကိုလှည့်လိုက်ပြီး မျက်နှာတည်တည်နှင့် " မင်းတို့က ဘာလို့ရပ်လိုက်ကြတာလဲ?? ငါက မင်းတို့ကို အနားယူခွင့်ပေးထားလို့လား! ဘယ်သူ စန္ဒရားကိုကောင်းကောင်းမတီးတာလဲ?? ဒီနေ့ ညပိုင်းစာသင်ချိန်မှာ ဒီကိုလာပြီး အတန်းတက်ရမယ်နော်! "

ဤစကားများ ထွက်လာသည်နှင့်တစ်ပြိုင်နက် ကျောင်းသားများသည် ကြောက်ရွံ့သွားကြပြီး သူတို့ရှေ့ရှိတေးသွားများအတိုင်း တီးခတ်ကြတော့သည်။ သို့သော် ၎င်းသည် တုန်ခါမှုသက်သက်သာဖြစ်ပြီး ထိုသူတို့၏ဦးခေါင်းများသည် ၉၀ ဒီဂရီ တစ်ဖန်ပြန်လှည့်လာကြကာ သူတို့စိတ်များသည် သူတို့ရှေ့ရှိစာရွက်တွင် လုံးဝမရှိကြချေ။

ရှန်းချိုက်သည် ကျည်ဆံကိုက်ပြီးသာ ဆက်လက်တီးခတ်နေခဲ့ရသည်။

တေးဂီတ ဆရာမက သူ့ကိုသိပ်အရေးစိုက်စရာမလိုသည့် လေသံလေးဖြင့် "ကိစ္စမရှိပါဘူး၊ မင်းကတစ်ခြားသူတွေထက် လေးနှစ်လောက်နောက်ကျသွားတာပါ. . . ဒီအပိုင်းမှာ အဆင့်ကွာဟမှုက ပုံမှန်ပါပဲ၊ မင်းသာကောင်းကောင်းလေ့ကျင့်ရင် လူတိုင်းကိုသေချာပေါက် လိုက်မီနိုင်တယ် "

Cāi Cāi || ချိုက်ချိုက် || [ မြန်မာဘာသာပြန်] (Completed)Where stories live. Discover now