သူတို့အားလုံးရောက်နေတဲ့နေရာက ချန်းရဲ့စံအိမ်တော်ဖြစ်ပြီး အထဲ၌ အစောင့်အကြပ်တွေလဲများနိုင်တာကြောင့် ရန်ဖြစ်စကားများနေဖို့အခွင့်အရေးမရနိုင်ဘူး … အရာရှိတွေက ဖန်းဂူကိုမြင်တာနဲ့ လာရင်းကိစ္စကိုမေ့ပြီး ဖန်းဂူကိုဖမ်းစည်းဖို့ စိတ်အားထက်သန်နေကြတယ် …

ဖန်းဂူက ဒီလူတွေဒီကို ဘာလာလုပ်ကြသလဲ စိတ်မဝင်စားသလို အိမ်ထဲကိုဖောက်ဝင်ဖို့ ဘယ်နည်းကအကောင်းဆုံးလဲဆိုတာကို စဉ်းစားကာ လျှာရှည်တဲ့ထိုလူကြီးနဲ့ သူ့ကိုဖမ်းဖို့ကြိုးစားနေသူတွေကို လစ်လျှူရှုလိုက်တယ် … ထိုစဉ်အနောက်က ရှားမေ့က အရှေ့ကိုထွက်လာပြီး အရာရှိတွေကိုတားစည်းကာ ဖန်းဂူထံလျှောက်လာပြီး ၂ ကိုယ်ကြားပြောလိုက်တယ် …

" ရှန်ဖန်းဂူ …  မင်းရောက်လာတာစောလွန်းတယ် … ဒီမှာငါတို့ ကိစ္စတစ်ချို့ စစ်ဆေးစရာရှိတယ် … မင်းပြန်တော့ "

သူမကအေးဆက်စွာပင်အမိန့်ပေးနေပေမဲ့ သူမစကားအား ဖန်းဂူနားထောင်မည်မဟုတ်မှန်း ကြိုသိနေတယ် … ဒါပေမဲ့ အနောက်မှာရှိနေတဲ့လူတွေရဲ့ ယုံကြည်မှုကိုရဖို့ သူမဒီနေရာကနေဖန်းဂူကိုမောင်းထုတ်နိုင်ဖို့လိုတယ် …

" ဒီကိစ္စမှာ မင်းကိုယ်တိုင် ပါဝင်လှုပ်ရှားစရာမလိုဘူး … ဘေးဖယ်နေပါ "

" ခများတို့ဘာလာလုပ်တာလဲ ကျွန်တော်စိတ်မဝင်စားဘူး … ဒါပေမဲ့ ကျွန်တော်လာတာကလဲကျွန်တော့ကိစ္စကြောင့် … ခများဝင်စွတ်ဖက်စရာမလိုဘူးထင်တယ် အရာရှိကျန်း "

" ငါမင်းကိစ္စကို ဝင်မပါဘူး … ဒါပေမဲ့ မင်းလာနေတဲ့ချန်းအိမ်တော်က ဘယ်လောက်ထိအန္တရာယ်များလဲမသိဘူးလား … မင်းမြို့တော်ထဲခြေချလိုက်တာနဲ့ မင်းဟာရာဇဝတ်ကောင်ဖြစ်သွားပြီ … ငါပြောတုန်းထွက်မသွားရင် ဖမ်းဝရမ်းထုတ်ထားတဲ့မင်းကိုဖမ်းဖို့ လူတွေရောက်လာရင် မတားစည်းနိုင်ဖြစ်ကုန်လိမ့်မယ် "

သူမအကြည့်တွေက ဖန်းဂူအားသတိပေးတာထက်နောက်ကွယ်မှာ တစ်စုံတစ်ရာရှိနေမှန်း ဖန်းဂူသဘောပေါက်သွားတယ် …

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now