19

293 18 0
                                    

Uni

မာန် ဦးစိုင်းဟံသာတို့ဆီတွင် ၂လတာ အချိန်အထိ သောင်တင်နေခဲ့သည်။ ဒဏ်ရာကလည်း အကုန်နီးပါးသက်သာနေပြီဖြစ်သည်။ တစ်ခုသာ....မျက်နှာတစ်ခြမ်းလုံးအမာရွတ်ဖုံးနေခြင်းပင်။ မာန်တွင် လေးလေးရှိသေးကြောင်း၊ ဆက်သွယ်ချင်ကြောင်း ပြောတော့ ဦးစိုင်းဟံသာက ကူညီပေးမည်ဆိုသည်။ ထိုဒေသတွင် လက်ကိုင်ဖုန်း သိပ်မသုံးသေးတာကြောင့် ဆိုင်လေးတွေတွင်ထားသည့် ထိုင်ဖုန်းကိုသာ ရှာကြရသည်။

လေးလေးရောင်နီကို ဆက်သွယ်ပြီး တစ်ပတ်အကြာမှာပင် မာန်တို့ဆီ လေးလေးရောက်လာသည်။ မာန်ကို တွေ့တွေ့ချင်းပင် လေးလေးက တင်းကြပ်နေအောင် ဖက်ထားကာ စိုးရိမ်နေကြောင်း၊ သူ့အပြစ်မကင်းကြောင်းပြောကာ ငိုပါသေးသည်။

လေးလေး‌ရောက်ပြီး တစ်ပတ်လောက်နေကာ ဦးစိုင်းဟံသာ၏ လက်ဖက်ခင်းထဲ လိုက်သွားခြင်း ၊နှစ်ယောက်သား ညနက်အောင် စကားလက်စုံကျခြင်း၊ တောတောင်တွေဘက် လိုက်သွားကာ တောကောင်ရှာခြင်းတို့ဖြင့် အချိန်ကုန်ဆုံးစေသည်။ လေးလေးနှင့် ဦးစိုင်းဟံသာသည် အရင်တည်းက သိခဲ့သည့် မိတ်ဆွေတွေ အတိုင်းပင်။မာန်တို့ပြန်ခါနီး ဦးစိုင်းဟံသာနှင့် စိုင်းမြတ်ဟံ လေးကို မာန်တို့နှင့် အတူလိုက်ခဲ့ရန် ခေါ်ပါသော်လည်း ဦးစိုင်းကတော့ ငြင်းလျက်သာ။ စိုင်းမြတ်ဟံကို ပညာသင်စရိတ်နှင့် နှစ်စဉ် အသုံးစရိတ် ထောက်ပံ့မည်ဟု လေးလေးကပြောတော့ မငြင်းချေ။

ကံတရားဆိုသည်မှာ တစ်ခါတစ်လေ လူကိုနောက်ပြောင်လွန်းသည်။ ‌စိုင်းမြတ်ဟံပဲ ကံခေလေသလား၊ ဦးစိုင်းကသာ ကံဆိုးနေသလားပင်မပြောတတ်။မာန်တို့ပြန်ရန် တစ်ရက် အလိုမှာပင် ဦးစိုင်း ပိုးထိလေသည်။  ကောင်းသောသူတွေသာ လောကကြီးမှစောစောစွန့်ခွာသွားကြသည်ဆိုတာ အမှန်ပင်ဖြစ်နေမလားပင်။ မာန်အပေါ် သိပ်ကောင်းခဲ့သော မိဘနှစ်ပါးအပြင် မာန့်အသက်ကိုကယ်ပေးကာ သူ့သားတစ်ယောက်လို စောင့်ရှောက်ပေးသော ဦးစိုင်းပါ မာန်ဆီက ထွက်ခွာသွားကြလေသည်။ ဦးစိုင်း၏နောက်ဆုံးခရီးကို မာန်တို့နေ့တွင်းချင်းပို့ဆောင်ကာ တစ်ယောက်တည်းကျန်ခဲ့သော စိုင်းမြတ်ဟံကို မာန်တို့နှင့်အတူ ခေါ်ခဲ့ကာ စိုင်းမြတ်ဟံသာမှ ထက်မြတ်သူဟု အမည်ပြောင်းပေးပြီး လေးလေးရဲ့သား အဖြစ်မွေးစားလိုက်သည်။ မာန်လည်း မျက်နှာခွဲ စိတ်ဖို့အတွက် ကိုးရီးယားအထိသွားခဲ့ရပြီးနောက် မှတ်ပုံတင် ၊ အိမ်ထောင်စုစာရင်း ၊ ကျောင်းအောင်စာရင်း ၊ အားလုံးကို ပြန်ပြင်ခဲ့ရသည်။ ကားမှောက်တာကြောင့် မျက်နှာခွဲစိတ်ခဲ့ရတယ် ဆိုပြီး ဆေးထောက်ခံနှင့်တကွ သူ့ အချက်အလတ်တွေ ပြန်ပြင်ရာမှာ မခတ်ခဲခဲ့ပေ။

အမုန်းခံနှလုံးသား❣️အမုန်းခံနှလုံးသား(Uni &Zawgyi)Where stories live. Discover now