သူ့ဖခင်ကလက်သင့်မခံနိုင်စွာဖြင့်

""ဘာလို့မလွှတ်ရမှာလဲ? ချွီကလူကြီးတ​ယောက်ဖြစ်​နေပြီ"

"ဒါ​ပေမယ့်သူ့အ​​ခြေအ​​နေ..."

"ယုံ"
သူ့ဖခင်မှာ သူ့နံဘေးက​နေရာလွတ်ကိုပုတ်ပြလိုက်ပြီး ​ဟော်ယုံအားဝင်ထိုင်ခိုင်းလိုက်သည်။

"ချွီနဲ့ပတ်သက်လာရင်မင်းကအရမ်းအကဲပိုလွန်းတယ်..မင်းနဲ့သူနဲ့ကြားတခုတည်း​သောကွဲပြားခြားနားချက်က သူကဥာဏ်​အရမ်းပိုကောင်း​နေတာပဲ"

T/N>>> ဒီနေရာမှာ ပါးပါး​ဟော်သ​ဘောထား​လေးတချက်​လောက်ရှင်းပြပါရ​စေ သူဆိုလိုချင်တာက ​ချွီကိုလူထူးလူဆန်းတ​ယောက်ပုံစံထက် ​သူလိုငါလိုသာမာန်လူတ​ယောက်ပုံစံအတိုင်း​သ​ဘောထား​စေချင်တာပါ..

တခဏ​လောက်ရပ်တန့်​နေပြီး​​သော် သူကစိတ်လိုလက်ရရှင်းပြလာသည်။

"မင်းနားလည်ဖို့ငါ​မျှော်လင့်တယ်.. မင်းဘာသာညီအကိုကြီးပဲဖြစ်ဖြစ် တခြား​ဘယ်လိုတော်စပ်မှုတွေရှိ​နေပါ​စေ ဂရုစိုက်တယ်စိတ်ပူတယ်ဆိုတဲ့​ခေါင်းစဥ်တပ်ပြီး တပါးသူရဲ့ပုဂ္ဂိုလ်​ရေးရာကိစ္စတွေမှာ ဝင်​ရောက်စွက်ဖက်တာလုံးဝမသင့်​တော်ဘူး"

​ဟော်ယုံမှာ သူ့ဖခင်ဘာကိုဆိုလိုချင်​နေလဲဆိုတာနားလည်သည်။

သို့သော်ငြားလည်း အထွန့်တတ်ဖြစ်​အောင်တတ်လိုက်​သေးသည်။

"မ​တော်လို့သူတခုခုဖြစ်သွားရင်​ကော?"

သူ့အ​ဖေဟာ ​ရေ​နွေးကြမ်းတငုံကိုသောက်ရင်း တည်ငြိမ်စွာ​ပြောကြားလာ၏။

"ဒါ​ပေမယ့် သူ့ကို့​ကာကွယ်​စောက်​​ရှောက်တာပါဆိုပြီး ခုလိုကိစ္စအ​သေးအမွှား​လေး​တွေ​တောင်​ပေးမလုပ်ရင် ဒါကမှအမိုက်မဲဆုံးလုပ်ရပ်တခုဖြစ်သွားပြီ..ငါအထင် ဟော်ချွီအ​​ခြေအ​နေအခုအ​တော်​လေး​ကောင်းလာပြီ..​နောက်ပိုင်း ဒီထက်ပိုကောင်းလာဖို့လဲမျှော်လင့်ထားတယ်.. မင်းဘာ​ပြောချင်​သေးလဲ?"

​ဟော်ယုံမှာ ရှုပ်​ထွေးနေသည့်အမူအရာတို့ဖြင့် အ​တန်ကြာ​တွေး​တော​နေ​ပေမယ့် ​​ခေါင်းကို​တော့ညိတ်ပြလာသည်။

ရည်းစား​လေးထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)Where stories live. Discover now