ရှောင်ယွီက ကျီရွှမ်ကို စိတ်ဆိုးနေမှန်း စွင်းဟောင်သိတယ်! သူက အခြေအနေကို ချောချောမွေ့မွေ့ဖြစ်အောင် မကြိုးစားပေးဘူး။ သူက ရှောင်ယွီကို သဘောမကျဘူးဆိုရင်တောင်မှ ရှောင်ကွမ်းရဲ့အဖေကိုလည်း သဘောမကျဘူး။

ကျီရွှမ်က အကြာကြီးတွေးပြီးမှ ရှောင်ယွီကို မေးတယ်: "ငါ မနက်ဖြန်ကျ မင်းလဲလို့ရအောင် အင်္ကျီအသစ်တွေ ဝယ်ပေးပါ့မယ်"
သူမက အင်္ကျီအသစ်တွေလိုချင်နေတာ၊ သူလုပ်ရမှာက အင်္ကျီအချို့ ဝယ်ပေးလိုက်ဖို့ပဲ။

ရှောင်ယွီက မျက်လုံးတွေကနေ ပြုံးပြလိုက်ပြီး ရွှတ်နောက်နောက်လေသံနှင့်: "ရှင်က ဘယ်လိုတောင် ကြင်နာတတ်ရတာလဲ? ဒါဆိုလဲ များများယူလာခဲ့ပေး"
ကျွန်မက ရှင့်အတွက် သားအကြီးဆုံးကိုတောင် မွေးပေးခဲ့ရတာ၊ အင်္ကျီအချို့တောင်းတာက မများပါဘူး! ဒါက ရှောင်ယွီရဲ့ စိတ်ဝင်စားတာပဲ ——- အဝတ်အစားလှလှလေးတွေ။

ရှောင်ယွီက သူမခေါင်းကို လှည့်ပြီး ရှောင်ရော့ကွမ်းကို ပြောတယ်။ " ရှောင်ကွမ်း၊ သားဖေဖေကို မြန်မြန်ကျေးဇူးတင်လိုက်။ သူက သားအတွက် အဝတ်အစားတွေ၊ အရုပ်တွေ၊ အစားအစာတွေဝယ်ပေးခဲ့တာ။ သူက အလုပ်ကိုတောင်မသွားရဘူး။ သူက ဒီနေ့ပိုက်ဆံ မရှာဖြစ်ပေမဲ့ သားအတွက် ပိုက်ဆံအများကြီး သုံးခဲ့တယ်။ ဘယ်လောက် ကောင်းတဲ့ဖေဖေလဲ!"

ရှောင်ရော့ကွမ်းက သူ့အဖေကို မျက်ရည်ပြည့်နေတဲ့ မျက်လုံးတွေနဲ့ တစ်ခါထပ်ကြည့်ပြီး ပြောတယ်။ " သားအပေါ်မှာ ကောင်းပေးလို့ ကျေးဇူးပါ၊ ဖေဖေ မျက်လုံးဖြူဝံပုလွေ"
ရှောင်ရော့ကွမ်းက စိတ်လှုပ်ရှားစွာနှင့် မျက်ရည်တွေကို သုတ်လိုက်တယ်။ သူဒီနေ့ အရမ်းချစ်ခံရနေရတာပဲ!

ကျီရွှမ်: "......." သူက ကျေးဇူးတင်ပါတယ်လို့ ကြားရဖို့အရေး အရမ်းဗျာများနေရတာပဲ!

ပန်ကျန်းယဲ့: "......" ဟမ်? ဒါက ဘယ်လိုဖြစ်ဖြစ်အဓိပ္ပါယ်ရှိနေသလို ဖြစ်နေရတာလဲ?

ကျီရွှမ်က စကားပြောတော့မယ့်အချိန်မှာ ရှောင်ယွီက ရော့ကွမ်းကို ပြောတာကို ကြားလိုက်ရတယ်။ "သားဖေဖေကို Goodbye လို့ မြန်မြန်ပြောလိုက်"

ဗီလိန်လေးများ၏ မေမေဖြစ်လာရခြင်းအတွက် ရုန်းကန်ရမှုများ(Myanmar Translation )Where stories live. Discover now