" သဘာကျတာပေါ့... ဒါနဲ့အိမ်ရှင်တွေမရှိဘူးလားသိဘူး။ "

" ရှိတယ်.. "

ဘယ်မှာလဲဆိုတဲ့အကြည့်နဲ့ လှည့်ကြည့်လာလေသည်။

" ဒီမှာလေ အိမ်ရှင်က။ "

ကိုယ်ကို့ကိုယ် လက်ညှိုးထိုးကာဆိုလိုက်မိ၏။

" ဟင်...ဒီအိမ်က Jung Kook အိမ်လား။ "

သစ်သားခြံစည်ရိုးတံခါးလေးကို ဖွင့်ပြီး Jimin လက်ကလေးကို လှမ်းဆွဲကိုင်ကာ အိမ်ထဲသို့ဝင်ရောက်ခဲ့တော့၏။

" ကိုယ် ငယ်ငယ်တုန်းက ဒီမှာနေကြတာ။ အိုမားတို့ ပြောင်းသွားတော့ ဒီအိမ်က နဲနဲလဲဝေးတော့ စိတ်မချကျဘူး ကိုယ် တစ်ယောက်ထဲနေဖို့ကို။ အဲ့တာနဲ့ ဒီအိမ်ကိုပိတ်ထားပြီး ဒေါ်လေးတို့ခေါင်မိုးထပ်မှာ သွားနေခဲ့တာ။ "

အိမ်ကလေးထဲကိုရောက်နေပြီဖြစ်တာမို့ Jimin က အိမ်ရှေ့ခန်းလေးကို လှည့်ပတ်ကြည့်ရင်းဆိုလာသည်။

" မကြာမကြာလာတာလား အိမ်လေးကရှင်းနေတာဘဲ။ "

" တစ်လတစ်ခါ ဒေါ်လေးနဲ့တော့ လာရှင်းဖြစ်တယ်။ ဒါကမနက်က လာရှင်းထားတာ Jimin ကို ခေါ်လာချင်လို့။ "

" အရေးကြီး အိမ်ကိစ္စကဒါပေါ့။ "

ရယ်ပြီးထောက်ခံလိုက်တော့ ကျွန်တော်နဲ့တူတူ လိုက်ရယ်လာသူ။

" ဗိုက်ဆာပြီလား။ ကိုယ် ညစာအတွက်ပါ ချက်ထားတယ်။ "

" တစ်ကယ်..... စားကျမယ်လေ အဲ့ဆို။ "

" ဒီမှာ ထိုင်....ဟင်းရည်ပြန်နွေးလိုက်ဦးမယ်။"

ထိုင်ဆိုပင်မယ့် ထိုင်မနေဘဲ ကျွန်တော့်ကို ကူညီလုပ်ကိုင်ပေးနေတော့သည်။ Jimin က ပင်လယ်စာကြိုက်တော့ သူ့အကြိုက်တွေချည် ရွေးချက်ထားမိတော့သည်။

မိသားစုသုံးယောက်ထဲနေတဲ့ အိမ်လေးမို့ အရမ်းလဲမကြီးသော်လည်း သူ့အခန်းလေးနဲ့သူရှိနေသည်။ မီးဖိုချောင်ထဲမှာဘဲ ထမင်းစား,စားပွဲခုံလေးရှိနေပြီး ဧည့်ခန်းနဲ့ တစ်ဆက်ထဲ ဖွဲ့စည်းထားသည်။

ဟင်းတွေလဲရပြီမို့ စားပွဲပေါ်ခင်းကျင်းပေးပြီး Jimin နဲ့မျက်နှာချင်ဆိုင် ထိုင်ခုံလေးမှာ ဝင်ထိုင်လိုက်တော့သည်။

The Director Where stories live. Discover now