အပိုင်း - ၃၃

Start from the beginning
                                    

သူ့အစ်ကိုကြီးလိုလည်း အသိအမှတ်ပြုမှုမရဘူး။ သူ့ညီမငယ်နဲ့ တွေ့တဲ့အချိန်လိုမျိုး နူးညံ့သိမ်မွေ့တဲ့အမူအယာမျိုးလည်း မပြဘူး။ လင်ရှန်း သူ့အဖေကို အရမ်းကြောက်ရတယ်။

ထင်ရာစိုင်းပြီး ရေးကြီးခွင်ကျယ်တွေလုပ်ပစ်လိုက်ချင်တိုင်း သူ့အဖေရဲ့ တင်းကျပ်တဲ့အကြည့်အောက်မှာ အဲ့တာတွေက အငွေ့လိုပျောက်ကွယ်သွားရတယ်။

သူ့အဖေလိုမျိုး သက်လတ်ပိုင်းလူအနည်းငယ်ကိုလည်း တွေ့ခဲ့ဖူးတယ်။ သူတို့အားလုံးက တစ်ပုံစံတည်းတွေချည်းပဲ။

လေးနက်၊ သန်မာကာ စကားမပြောပေမယ့် ထိုမျက်လုံးတွေက လူတွေရဲ့နှလုံးသားထဲကို ကြည့်နိုင်တယ်။ ၀တ္ထုထဲက ဖေဖေလင်ကရော ဒီလိုပုံပဲလား?

ရုတ်တရက် သူ့ပါးစပ်ထဲမှာ အနည်းငယ်ခါးသက်လာတာကို လင်ရှန်းခံစားလိုက်ရတယ်။ ဒီအတောအတွင်း ကုန်လွန်ခဲ့တဲ့အချိန်တွေမှာ သက်သောင့်သက်သာဖြစ်ခဲ့လွန်းတာကြောင့် ဒီလိုလူမျိုးရှိတာကိုတောင် သူမေ့နေခဲ့တယ်။

သို့ပေမယ့် ဒီကမ္ဘာကိုရောက်လာတဲ့ ပထမဆုံးနေ့ အိမ်ထဲဝင်တဲ့အချိန်ကို သူမှတ်မိသေးတယ်။ ချူရုန်က သူ့အဖေအကြောင်း ပြောခဲ့တယ်။ တစ်ဖက်လူက စီးပွားရေးကိစ္စနဲ့ အလုပ်များနေတာကြောင့် သူ့ရဲ့ရူပဗေဒအမှတ်ပြည့်ရတဲ့ အထိမ်းအမှတ်ကျင်းပတာကို ပြန်မလာနိုင်တဲ့အတွက် အတော့်ကို စိတ်ပျက်နေတယ်ဆိုပြီးလည်း ပြောခဲ့သေးတယ်။

သို့ပေမယ့် ဒီလိုမျိုး ဖခင်အပေါ် ကြောက်ရွံ့ထိတ်လန့်နေခြင်းက ဝိဉာဉ်ရဲ့အနက်ရှိုင်းဆုံးနေရာကနေ လာတာဖြစ်နိုင်တယ်။ အဲ့တာက သူ့ကို ရုတ်တရက်ကြီး စိတ်လှုပ်ရှားလာစေတယ်။

"ရှောင်ရှန်း? ရှောင်ရှန်း?" ဖုန်းထဲကနေ ချူရုန်ရဲ့ နူးညံ့တဲ့အသံလေးထွက်ပေါ်လာတယ် "ရှောင်ရှန်း နားထောင်နေရဲ့လား?" သူမ စိုးရိမ်စွာမေးလိုက်တယ် "ဘာဖြစ်နေတာလဲ?"

"မဖြစ်.... မဖြစ်ပါဘူး" လင်ရှန်း အထစ်ထစ်အငေါ့ငေါ့နဲ့ ပြန်ဖြေလိုက်တယ်။ စိတ်လှုပ်ရှားစွာနဲ့ တံတွေးမြိုချကာ သူ့နှလုံးသားထဲမှာ ပိုပြီးနက်နက်စွာ သောကရောက်နေတဲ့ တခြားအတွေးရှိနေတယ်။

ကျောင်းတွင်းအချစ်ဝတ္ထုထဲမှာ ငါလေးက သုံးပိုင်းတည်းပါတာလေ! [ဘာသာပြန်]Where stories live. Discover now