" ကျွန်းပေါ်မှာ ဆက်ပြောကြတာပေါ့ " မိုဝူကျိက သင်္ဘောပျံကို ကျွန်းဆီ မောင်းနှင်လိုက်သည်။ ကောင်းကင်ယံမှ ကျရောက်လာသည့် ကျောက်ခဲများ ဖိအားကြောင့် ချင်းဟိုင်လမ်းကြောင်း မပျောက်ကွယ်သွားလျှင်ပင် သင်္ဘောပျံအနေနှင့် ဆက်လက်၍ ရှေ့ဆက်သွားနိုင်မည် မဟုတ်ပေ။
တခြားသော ကျင့်ကြံသူများအတွက် ချင်းဟိုင်လမ်းကြောင်း ပျောက်ကွယ်သွားခြင်းသည် သေခြင်းတရားသာ ဖြစ်၏။ သို့သော်လည်း မိုဝူကျိအတွက် သက်တောင့်သက်သာ မဖြစ်မှု တစ်ခုသာမျှသာ ဖြစ်၏။ သူက ပင်လယ်ထဲ ဆင်းနေနိုင်သည် မဟုတ်ပါလော။
တစ်ဖက်တွင် ရွိုက်ကောနှင့် တာ့ဟွမ်တို့က ဤသို့ မစွမ်းဆောင်နိုင်သောကြောင့် ချင်းဟိုင်လမ်းကြောင်း ပျောက်ကွယ်သွားသည်နှင့် နှစ်ယောက်လုံးက ထာဝရကမ္ဘာအတွင်းသို့ ပြန်ဝင်သွားကြရမည် ဖြစ်၏။
အကယ်၍ သူတို့က သင်္ဘောပျံကို ပဲ့ထိန်းမပေးဘဲ သူ့ဘာသာ လမ်းလျှောက်လာရလျှင် သူ့အချိန်မှာ ကြာမြင့်သွားရုံသာမက အစီအရင်တာအိုနှင့် အဆောင်တာအိုကို လေ့လာရန် အချိန်လည်း ရှိမည် မဟုတ်ပေ။
ထို့အပြင် တာ့ဟွမ်နှင့် ရွိုက်ကောတို့က အပြင်ဘက်၌ မြန်မြန်ဆန်ဆန် ကျင့်ကြံနိုင်ကြသည်။ ဤနှစ်ပိုင်းလေးအတွင်း တာ့ဟွမ်က ကနဦး နတ်ဘုရားအဆင့် ၃ သို့ ရောက်ရှိသွားပြီး ရွိုက်ကောက အဆင့် ၂ နတ်သားရဲ ဖြစ်လာသည်။
ကျွန်းမှာ သင်္ဘောပျံနှင့် သိပ်မကွာဝေးသောကြောင့် မကြာခင် ကျွန်းအစွန်းသို့ ရောက်ရှိလာသည်။ သူတို့ ဆင်းသက်လိုက်သည့်အခါ ကျောက်ခဲမိုးမှာလည်း လုံးဝ ပျောက်ကွယ်သွားသောကြောင့် မိုဝူကျိပင် တုန်လှုပ်အံ့အားသင့်မိသွားသည်။
ဘာတွေဖြစ်နေတာလဲ ...
မိုဝူကျိက သင်္ဘောပျံမှ မထွက်ခွာသေးပေ။ ထို့အစား သူက သင်္ဘောပျံကို ကျွန်းပေါ်မှ ဆင်းဖို့ရာ ကြိုးစားလိုက်၏။ သို့သော်လည်း သူက အကွာအဝေးတစ်ခုသို့ ရောက်သွားသည်နှင့် ကျောက်ခဲမိုးများက ပြန်ကျရောက်လာပြန်သည်။
" သခင်ကြီး အဲဒီကျောက်ခဲတွေက ကျွန်တော်တို့ကို ဒီကျွန်းပေါ် ရပ်နားစေချင်တာ ထင်တယ် " ရွိုက်ကောက မိုဝူကျိနှင့် ကျင့်ကြံဆင့် ယှဉ်ဖို့ရာ စိတ်မပါတော့ဘဲ စိုးရိမ်စွာ ပြောလိုက်သည်။
အခန်း (946)
Start from the beginning