Arc(1.6)

644 89 2
                                    

[Unicode]

ပါတီပွဲကား ပြီးဆုံးသွားချေသည်။ အိမ်တော်အသီးသီးကတော့ ပါတီပွဲအတွင်းဖြစ်သမျှကို ဘယ်တော့မှ မေ့မည်မဟုတ်။ ဝန်းအိမ်တော်နဲ့ လင်းအိမ်တော်ဟာ သူတို့ရန်စ‌နိုင်လောက်သည့်အခြေအနေမဟုတ်တာကိုတော့ ပါတီပွဲ၌ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်က သက်သေပင်။ နောင်အနာဂတ်၌ ဘယ်အိမ်တော်ကမှ ထိုအိမ်တော်နှစ်ခုကို ရန်စရဲလိမ့်မည် မဟုတ်ပေ။

လင်းအိမ်တော်ကတော့ အံ့ဩမှုများဖြင့်ပြည့်နှက်နေသည်။ ဝန်းအိမ်တော်ရဲ့ ဆက်ခံသူက ပိုင်ဖန်းကို ချစ်ခွင့်ပန်သည်။ ဒါတင်ပဲလားဆိုတော့မဟုတ်သေးပေ။ ကျွင်းအိမ်တော်ရဲ့ ဆက်ခံသူက ဝင်ရောက်ကန့်ကွက်မှုကြောင့် ကျွင်းရုန်လန်နှင့် ဝန်းချန်းရန်ဟာပြိုင်ပွဲတစ်ခုဖန်တီးလိုက်ကြသည်။ အဆုံးသတ် ဘယ်သူနိုင်လဲ မဆုံးဖြတ်နိုင်ခင်မှာပဲ ရုတ်တရပ်မီးပျက်သွားတာကြောင့် ဘယ်သူနိုင်လဲ ဘယ်သူမသိလိုက်ကြပေ။ ဒါပေမဲ့ ဆက်ခံသူနှစ်ယောက်လုံး ရဲ့အရည်အချင်းဟာ သူဘယ်အိမ်တော်မှ မမှီနိုင်တာ သေချာသည်။  ပိုင်ဖန်း ၏ မှတ်ချက်သည်ကား။ သူတို့နှစ်ယောက်စလုံးကို ငြင်းလိုက်သည်။ သို့သော်လည်း ဝန်းအိမ်တော်က ကြေညာခဲ့သည်။ အနာဂတ် လင်းအိမ်တော်ကို ထိခိုက်အောင်လုပ်သည့်သူတိုင်း သူတို့အိမ်တော်နဲ့ပါ ရင်ဆိုင်ရမည်ဟူ၍။ လင်းအိမ်တော်၏ ဆက်ခံသူဟာလည်း ရုတ်တရပ် ပိုင်ဖန်းဖြစ်သွားခဲ့ပြီး ပိုင်ဖန်းရဲ့အရည်အချင်းဟာ သူ့အသက်နဲ့မလိုက်ဖက်အောင် ပါတီပွဲအတွင်း၌ သူတို့အိမ်တော်ရဲ့ အဓိကရန်သူကိုရှာနိုင်ခဲ့သည်ဟုပါ ကြေညာခဲ့သည်။ သို့သော်လည်း မည်သူဖြစ်ကြောင်း ထုတ်မပြောခဲ့ပေ။ အနာဂတ်မှာ လင်းအိမ်တော်ဟာ ဝန်းအိမ်တော်ကြောင့် ဘယ်သူမှထိခိုက်ရဲတော့မည်မဟုတ်ပေ။

ချန်အိမ်တော်သည်ကား တုန်လှုပ်နေပေသည်။ လင်းအိမ်တော်ကို ပြဿနာရှာသည့်လူတိုင်း ဟု ဝန်းအိမ်တော်က ဆိုလာသည့် အချိန် သူတို့ကြားသည်နှင့် နေစရာမရှိအောင်ကြောက်လန့်နေခဲ့ရသည်။ ပိုင်ဖန်းကို သူတို့ ဘယ်လောက်အနိုင်ကျင့်ခဲ့သည်ကို သူတို့သာ သိသည်။ ချန်မေယွီ ဟာ သူ့မလက်တွေကို စုတ်ထားရလွန်း၍ သွေးတောင်ထွက်နေပြီ။ ချန်မေ့ဟွာ ဆိုတာ မေ့တောင်လဲမတက်ဖြစ်နေရသည်။ သူ(မ) က အခုတောင် ပိုင်ဖန်းကို ရစရာမရှိအောင်ပြောဆိုထားတာ သူမကို ဝန်းအိမ်တော်က လွှတ်ပေးမည်မဟုတ်ဘူးဆိုတာ သိသိချင်းပါတီပွဲကနေ ထွက်ပြေးခဲ့သည်။ အကုန်လုံးက မသိချက်ယောင်ဆောင်ထားကြသည်။ ဘယ်လိုပဲဖြစ်ဖြစ် သေမှာဆိုတာ ဘယ်သူကမသိလို့လည်း......

System 2443(Uni+Zawgyi)Where stories live. Discover now