part. 1.9 (တစ်နေ့ အဲ့အစား ကုတင်ပေါ်မာ ပေးဆပ်ရမယ် )

Start from the beginning
                                    

ဒါမဲ့ သူဖခင်ကိုသူအပြည့်အဝနားလည်တာကို သူ့ခမည်းတော့မသိပဲ နောင်တနဲ့သေဆုံးသွားလို့ နောက်တစ်ခုက သူအမတ်ရှောင်ကို သူ့ဆုံးဖြတ်ချက် နဲ့ပဲအထင်လွှဲခဲ့တယ်သေချာမဆုံစမ်းခဲ့ဘူး

အဲ့ဒါကြောင့်သူချစ်ရတဲ့ လူသားလေးကို နှိပ်စက်ခဲ့မိတယ် မနေ့ကလည်း လျှိုရှင်းရှင်းက သူ့ကြောင့် ရှောင်ကျန့် ကိုအဆိပ်ခပ်ခဲ့တာ သူသာ ကာကွယ်ပေးနိုင်ခဲ့ရင် အဲ့လိုဖြစ်မာမဟုတ်ဘူး မျက်ရည်တွေလည်းတားမရအောင် ကျလာမိသည် နှလုံးအတွင်းထဲကလည်း တစ်ဆစ်ဆစ်နဲ့  ရင်ဘက်တေလဲအလွန်နာကျင်လာသည် ရင်နာတယ်ဆိုတာ ဒါမျိုးလား?

သူအခုတော့ သူရဲ့ချစ်ရတဲ့လူသားလေး ကျန့်ကျန့်ကို ပိုချစ်ရုံသာမက ငုံထားတော့မယ် လိုသာဆုံးဖြတ်လိုက်သည် အဆိုးထဲကအကောင်းပဲ သူ့ရန်သူမဟုတ်တော့ဘူးဆိုတာသူသိတော့

သူရှောင်ကျန့်ကို လုံးဝချစ်မိနေပြီဆိုတာ သူသိသွားသည် သူတန်ဖိုးထားတတ်သွားပီ တစ်ကမ္ဘာလုံးနဲ့ အပြိုင်နေဆန့်ကျင်ဘက်နေရမယ်ဆိုရင်တောင် ရှောင်ကျန့်သာအနားမာရှိနေရင် သူဘယ်အရာမဆိုရင်ဆိုင်နိုင်သည်

.....

ရိပေါ်ရှောင်ကျန့်အခန်းဆီထွက်လာပီး ရှောင်ကျန့်ကိုတွေ့တာနဲ့ပြေးဖတ်တော့သည် ရုတ်တရက်မလို့ ရှောင်ကျန့်လည်းကြောင်နေသည် ပြီးတော့နှလုံးခုန်အလည်းအနည်းငယ်မြန်လာသည် ရှိတဲ့သတိတွေ အကုန်စုစည်းပြီး ပြန်ပြောမယ်ကြံတုန်း

''ကိုယ့်ကိုခွှင့်လွှတ်ပါ ကျန့်ကျန့် ''

''........''

'အာ..ငါကိုကကျန့်ကျန့် လို့ခေါ်လိုက်တာလား ဟာ! ငိုနေတယ် ငါလည်းဘာမှမလုပ်မိပါဘူး '

ပြန်ပြောတော့မယ်ကြံတုန်း ကိုယ့်ကိုခွှင့်လွှတ်ပါဟုဆိုကာ မျက်ရည်တွေနဲ့ပြောနေတာ​ကြောင့် ဘာပြောရမှန်းလည်းမသိ အဲ့ဒါကြောင့် ငြိမ်နေပေးလိုက်သည်

''ကိုယ်မင်းကို အခုကစပြီး အလိုလည်းလိုက်မယ် ကိုယ်ရှိနေသ၍ အနိုင်ကျင့်မခံစေရဘူး မင်းကိုအပြည့်အဝချစ်ပေးမယ် ''

'ငါကို ချစ်နေတာလား ?'

'မကြားတာလား အပျော်လွန်သွားတာလား host '

Because you are systemWhere stories live. Discover now