part. 1.2 (ရှည်တယ် ငါခေါ်ရတာ ပျင်းလို့ )

7.9K 629 3
                                    




​ဖြောင်း !

မျက်လုံးဖွင့်ဖွင့်ချင်း ကြိုဆိုလိုက်တာက လက်ဝါးတစ်ချက်

'ချီးပဲဟေ့ ဘယ်ဟာက လက်သရမ်းစော်လိုက်တာ အီသွားပြီ ပြန်ချပေးလိုက်မှ အဖေကယ်ပါ အမေကယ်ပါဖြစ်နေမယ် လက်ဝါးပြောပါတယ် '

ကြိုဆိိုလိုက်တဲ့လက်ဝါးလေးကြောင့် မြေပြင်ပေါ်လဲကျသွားသည်။ ရှောင်ကျန့် ခဗျာအကြောင်းရာ သေချာမသိသေးတာကြောင့်ဘာမှပြန်မလုပ်ရဲ စိတ်ထဲကတော့အချက်တစ်ရာလောက်ပြန်ချပြီးနေပြီ။

ရှောင်ကျန့် ကို ချလိုက်တဲ့လက်ဝါးပိုင်ရှင်ကတော့ ကိုယ်လုပ်တော် ကျိုးရင် ဖြစ်သည်။ ကိုယ်လုပ်တော်ဖြစ်ပေမဲ့ မိဖုရားကို လက်ဝါးနဲ့ နှုတ်ဆက်သည့် အကြောင်းရင်းကတော့ ဝမ်မင်းကြီး ဝမ်ရိပေါ် ကြောင့်ပင်။

ရှောင်ကျန့်ယခု​ရောက်ရှိနေသည့်ခန္ဓာကိုယ်ပိုင်ရှင်အား ကိုယ့်ထိလက်ရောက်လုပ်ရင်တောင်ဘာမှမပြောပဲကြည့်နေတတ်တဲ့ ဝမ်ရိပေါ်ဆိုတဲ့သူကြောင့် အနိုင်ကျင့်ခံရ​​ခြင်း​ဖြစ်သည်။

'ငါ့မျက်နှာချောချောလေး အမာရွက်ကျန်လို့ကတော့ မျက်နှာကိုပြန်ရိုက်ရုံတောင်မဟုတ်ဘူး
အဲ့ကိုယ်လုပ်​တော်အိမ်ကိုသွား တစ်အိမ်လုံးမှာရှိတဲ့ အစားသောက်တွေစား ညစ်ပတ်အောင်လုပ် ပေါက်ကရတွေအိမ်ရှေ့ထိုင်အော် နားညီးရင်းသေအောင်လုပ်ပစ်မယ် ဒါမှမဟုတ်တိတ်တိတ်လေးမီးခိုးရှို့ပစ်မယ်
မလုပ်နိုင်ရင် ငါ ရှောင်ကျန့်မဟုတ်တော့ဘူး '

'host စိတ်လျှော့ စိတ်လျှော့ အရင်ဆုံးနားငြီး​ပြီးသေမှာက ကျွန်တော်။ အချက်အလက်တွေလွှဲတော့မယ် host '

ပြန်အပြောတောင်မစောင့်ပဲ လုပ်ချင်ရာလုပ်ပစ်တဲ့ system။
ခေါင်းထဲအတင်းတိုးဝင်လာတဲ့ မှတ်ဉာဏ်တွေကြောင့် ခေါင်းတွေမူးပြီးပေါက်ထွက်တော့မည့်အလား။ ဆဲချင်သော်လဲ ဆဲချိန်မရလိုက်

ဒီကမ္ဘာရဲ့ ဇာတ်လိုက်က ဝမ်မင်းကြီးဝမ်ရိပေါ်၊ ဝမ်ရိ​ပေါ်ဟာ သူ၏ဖခင်ရဲ့သေဆုံးမှုကြောင့် မည်သူကိုမှမယုံတတ်တဲ့လူတစ်ယောက်ဖြစ်လာသလို တစ်ဆုံတစ်​​​​​ယောက်အား အမြဲတမ်းသံသရမျက်လုံးဖြင့်သာ ကြည့်တတ်တဲ့သူဖြစ်သည်။

Because you are systemOù les histoires vivent. Découvrez maintenant