ဒရေကို သိပါသည်...သူငယ်ငယ်လေးကတည်းက သူ့အိမ်ကို
ရောက်ရောက်လာတတ်တဲ့ ဝတ်ရုံအနက်ရောင်လူကြီးတွေကို....ပြီးတော့ အဖေရဲ့လက်ပေါ်က အမှတ်အသားကိုလည်း မြင်ဖူးသလို အမေ့ရဲ့လက်ပေါ်က အမှတ်အသားကိုလည်း မြင်ဖူးပါသည်...။
"ဒီမှာ ငါ့သား..ငါက ဒီကို စာသင်ဖို့လာတာ မဟုတ်ဘူးကွ!"
လူစီးရပ်စ် ရဲ့စကားကြောင့် ဒရေကို သူ့ရဲ့အတွေးစများကို ဖြတ်လိုက်သည်....
"ဒါဆို ဘာလာလုပ်တာလဲ?"
"ဟင်း..ဟင်း..ဟင်း..🌚🌚🌚"
လူစီးရပ်စ် ၏ evil smile ကြီးက ဒရေကို့ကို သာမက မြင်သူတိုင်း စိတ်ချောက်ချားစေမှာ အမှန်ပင်...
တစ်ခါမှ သေချာ မပြုံးမရယ်ဘူးတဲ့ အဖေက နေမကောင်းဖြစ်ပြီးကတည်းက တော်တော်ကြီးကို ရွလာ..အဲလေ.ပြုံးလာတယ်...
ငါ့ အဖေများ ဟုတ်ရဲ့လားလို့တောင်ပြန်တွေးယူရမယ့်အဖြစ်!"ကဲ!သား...ဆက်မမေးနဲ့တော့! သားလည်း သွားစရာရှိတာသွား..အဖေလည်း ကိုယ့်အခန်းကို သွားကြည့်လိုက်ဦးမယ်!"
ပြုံးပြုံးကြီး ပြန်ထွက်သွားလေသော အဖေ့ကို ကြည့်ပြီး ဒရေကို့စိတ်ထဲ ရင်မောရသည်မှာ အမှန်...။
အုန်း....ဒုန်း..ဒုန်း
"တံခါးကလည်း ကျပ်လိုက်တာကွာ!"
(Host! ဖြည်းဖြည်းလုပ်စမ်းပါ!အခုမှရောက်တယ် ဖျက်ဆီးတော့မလို့လား)
(ငါဖျက်ဆီးတာ မဟုတ်ပါဘူးဟ..ဒီဟာက ဘယ်နှရာစုက တံခါးလဲ..ဖွင့်လို့ကို မရဘူး..)
(ဂါထာနဲ့ဖွင့်လိုက်လေဗျာ..)
(ငါမှမရတာ...ကို! ပါးစပ်ပိတ်ထားတော့!ငါ့အားနဲ့ငါဖွင့်မယ်..ဘယ်Magic မှ မလို...)
"Alohomora!"
"အောင်မလေး"
အုန်း......
System နဲ့ စကားပြောနေတုန်း အနောက်က ဂါထာသံကြီးကြောင့် တံခါးက အုန်းကနဲ ဖွင့်သွားပြီး လူစီးရပ်စ် လည်း အရှိန်လွန်ပြီး အခန်းထဲသို့ ရောက်သွားသည်...
"ဘယ်မအေ....ဟင်!ဆေးဗားရပ်စ်!"
"အေး!ငါပဲ!"
အသံနက်ကြီးနဲ့ စူးစိုက်ကြည့်နေသော မျက်လုံးများက လူတိုင်းကို သွေးပျက်စေနိုင်လောက်သည်..အမ်း....
...နှာခေါင်းကတော့...