ဒုံဆူ ရင်ထဲက တင်းကျပ်သွားပြီး စိတ်တွေလည်း ရုတ်ချည်းမွန်းကျပ်သွားရသည်။

သူသည် ယခု မိဘတွေရဲ့သေဆုံးမှုအတွက် တရားခံဖြစ်တဲ့သူကို အရိပ်အမြွက်တင်မကဘဲနှံ့စပ်အောင်သိထားပြီဖြစ်တာကြောင့် လက်စားချေဖို့ စဉ်းစားအကြံထုတ်နေတာဖြစ်သည်။

ထို့နောက် သူ့ဦးနှောက်တွေ ပူထူလာတာကြောင့် ပန်းခြံဘက်လာရင်း ရေကန်နားမှာထိုင်နေတာဖြစ်သည်။

အကြာကြီး တိတ်ဆိတ်နေသည့် ဒုံဆူရဲ့မျက်နှာကို ဂျွန်ဆန်းက အကဲခတ်သည်။

'ရေမှမလာတာအဲ့တော့မြောင်းဖောက်ရတာပေါ့ ဟင်း '

ဒီတစ်လောဖုန်းတွေဆက်ပြီး သူ့အား ရင်းနှီးမှုယူနေသည့် ဒုံဆူက သူ့၏ ချစ်သူဖြစ်သလို မျက်နှာဖုံး လူသားလည်းဖြစ်သည်။

ဒါတွေသည် Kitty ကိုအငိုက်ဖမ်းရာမှ သိလာရသည့် တိကျသည့်သတင်းဖြစ်သည်။

"ဘတ်ဒုံဆူ ခင်ဗျားက ဖုန်းထဲမှာပဲ စကားပြောတတ်တာလား ''

"အမ် ''

Ring ring

ဒုံဆူ ဘာပြောရမှန်း မသိအောင် ဆွံ့အ သွားရသည် ။

သူစကားမပြောတာကို ဂျွန်ဆန်းက တမျိုးထင်သွားပုံရသည်။

"အော ''

ဖုန်းကိုင်ဖို့ မျက်ခုံးပင့်ပြီး ပြောလာသည်မို့ ယောင်နနနဲ့ ကိုင်လိုက်သည် ။

ယခုတော့ သူတို့နှစ်ဦးပုံစံကအနည်းငယ်ရစရာကောင်းသည်။

အတူတူ ယှဉ်ထိုင်ပြီး ဖုန်းနဲ စကားပြောနေခြင်းဟာ ရယ်စရာမဟုတ်လား။

"ရား ဘတ်ဒုံဆူ ကျွန်တော့်မှာ ချစ်ရတဲ့သူရှိတယ် လို့ ''

"အဲ့တော့ ကိုယ်က နောက်ဆုတ်ရမှာလား
Baby "

"နောက်ဆုတ်ချင်နေတာလား သဘောပဲလေ ''

"ကိုယ်က မင်းစကားတစ်ခုပဲ နားထောင်မှာ ''

" ကျစ် ဒီမှာ ဘတ်ဒုံဆူ ''

"ဟင် ''

ဖုန်းကို ချလိုက်ပြီး မျက်နှာချင်းဆိုင်စေလိုက်သူကြောင့် ဒုံဆူက ကျေးကျွန်တစ်ယောက်လို နာခံနေမိသည်။

Peculiarly System [Completed ]Where stories live. Discover now