part. 1.2 (ရှည်တယ် ငါခေါ်ရတာ ပျင်းလို့ )

Start from the beginning
                                    

မူးယစ်သောက်စားနေတဲ့ရမ်းကားနေတဲ့ ဘုရင်အဖြစ် ဟန်ဆောင်နေသေးသတဲ့

မိခင်​ဖြစ်တဲ့ မိဖုရားခေါင်ကြီးကလည်း ဝမ်ရိပေါ် ကိုမွေးပြီးပြီးချင်း မီးတွင်းထဲတွင်သာဆုံးပါးသွားသောကြောင့် တစ်ဦးတည်းရှိတဲ့ ဖခင်ကိုအရမ်းချစ်သည်။ မကြာပါဘူး ဖခင်ဖြစ်တဲ့ ခမည်းတော်ကပါ သေဆုံးသွားခဲ့ရတော့ ဝမ်ရိပေါ်ရဲ့ ကမ္ဘာကြီးဟာစတင် အမှောင်လွမ်းသွားတော့တယ်။

တစ်နေ့ အရက်သမားတေဆွဲလားရမ်းလားလုပ်တာခံနေရတဲ့ ဇာတ်လိုက်မ-လျိုရှင်းရှင်း ကိုတွေ့ပြီးဝင်ကယ်ရင်း

ထိုအချိန်ထဲကဇာတ်လိုက်မသည် ဝမ်ရိပေါ်ကို မြင်မြင်ချင်းချစ်မိသွားသည်။ ဝမ်မင်းကြီး ဆိုတာလည်းသိရော ဖခင်ဖြစ်တဲ့ အမတ်လျိုဖုန်းချန်ထံအပူကပ်၍

ဝမ်မင်းကြီးထံ ဆွေမျိုးစပ်ခိုင်းတယ်။ လက်ထက်ပြီးတာနှင့် ဇာတ်လိုက်မသည်် အမျိုးမျိုးကပ်ပြီး ဝမ်ရိပေါ် ကိုစမြူဆွယ်တော့သည်။

ပန်းနုသွေးဇာတ်ကောင်လုပ်တယ် ဝမ်ရိပေါ်ကလည်း စိတ်ဝင်စားမှုမရှိတော့ အကြံတစ်ခုရပြီး ဝမ်ရိ​ပေါ် ကိုလုပ်ကြံခိုင်းတယ်

လုပ်ကြံရင်း ဓားဝင်ခံပြီး စူပါမန်းဝင်လုပ်တယ် မြန်မာကားအကြည့်များသွားလို့ထင်ပါရဲ့ အကြံစီ အောင်မြင်ပြီး ဇာတ်လိုက်ဝမ်ရိပေါ်ရဲ့ အရေးပေးတာခံရတယ်။

ဇာတ်လိုက်မသည် နန်းတွင်းကိုစဝင်ကတည်းကပထမမိဖုရားကိုကြည့်မရပေ မနာလိုတာဆိုပိုမှန်လိမ့်မည်။ လူရှေ့ဆို ဖြူစင်ယောင်ဆောင်နေတဲ့ကြာပန်းဖြူအသွင်ယူပြီး ကွယ်ရာဆိုမြေခွေးမပုံစံ​နှင့်အတော်ကောက်ကျစ်သည်။

ပထမမိဖုရားနေရာယူချင်တာကြောင့် ပန်းနုသွေးဇာတ်ခင်းကာနှိပ်စက်ခံနေရတဲ့အသွင်ယူပြီး ပထမမိဖုရားကိုစတင်စစ်ထိုးတော့သည်။ဒါတွေကိုယုံတဲ့ ဝမ်ရိပေါ်ကတော့ သူ၏အသက်သခင်ဇာတ်လိုက်မအားနှိပ်စက်သည့် ပထမမိဖုရားကိုနန်းချကာ သေစေခဲ့သည်။

ထိုနောက် ဇာတ်လိုက်မနှင့် ဇာတ်လိုက်တို့ချစ်ကြိုက်ကာ အတူတူပေါင်းဖက်ကျလေသတည်းပေါ့။

Because you are systemWhere stories live. Discover now