<Unicode>
"ရား taehyung ဘာပြောစရာရှိလို့လဲ"
cafeမှာခေါ်ထားပြီး စကားမပြောဘာမပြောနဲ့ မှိုင်နေသောtaehyungကြောင့် Jiminစိတ်မရှည်စွာ အော်လိုက်သည်။
"အင်း ငါ့လေ....ဘယ်လိုဖွင့်ပြောရင်ကောင်းမလဲ"
"မင်းတိုက်ခန်းက ကောင်လေးကိုလား"
"အင်း"
"ဟင်း Kim Taehyungတို့များ အသက်ကြီးမှ အချစ်နဲ့တွေ့နေလေရဲ့ တွေ့ပြန်တော့လည်း အသက်ကြီးပြီဆိုတော့ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ဖြစ်ရမယ် ဖြစ်ရမယ်"
"ဂျပု လူကိုအသက်ကြီးပြီ ကြီးပြီနဲ့ ငါအခုမှ30ကွ"
"30ကိုမှမကြီးရင် ဘာသွားကြီးမှာလဲ ဟိုဟာလား"
"ရား ဒီဂျပု"
ငါ့မှာအကြံညာဏ်လေးများရမလားလို့ ခေါ်လိုက်ပါတယ် ဗရုတ်သုတ်ခတွေပြောပြီး လူကိုလာဖဲ့နေတယ် သူကျရည်းစားရှိတာကျနေ။
"ဖွင့်ပြောလိုက်ပေါ့ ဘာကိုကြောက်နေတာလဲ တော်ကြာ သူများလက်ထဲပါသွားမယ်နော် Kim Taehyung"
"ငါကဖွင့်ပြောရဲပါတယ် ဒါပေမယ့် သူငြင်းမှာကြောက်တာ"
"ဒါများ အခန်းထဲအတင်းခေါ်သွားပြီး ဘုပစ်လိုက်ကွာ ပြီးမှ 'ကိုယ်မင်းကိုချစ်တယ်'လို့ပြောလိုက် ဟဲဟဲ ငါ့အကြံဘယ်လိုလဲ"
"တော်တော်ကောင်းတဲ့အကြံပဲနော် သေချင်းဆိုးဂျပု အင့်! မင်းရည်းစားကျမှအဲ့လိုသွားလုပ်"
"ရား ဘာလုပ်ရေနဲ့ပတ်တာလဲ ဒီနေ့မှအကျီအသစ်ဝတ်ခဲ့ပါတယ် ဆိုနေမှ"
"ကော်ဖီနဲ့မပတ်တာ ကံကောင်းတယ်မှတ် တော်ပြီတော်ပြီ မင်းနဲ့ ငါစကားမပြောချင်တော့ဘူး အကြံမရတဲ့အပြင် အချိန်ပဲကုန်တယ် ပြီးတော့ ဒီကော်ဖီတွေမင်းရှင်းလိုက်တော့နော် ငါသွားပြီ"
"ရား Kim Taehyung! Kim Taehyung...."
အပေါက်နားရောက်သွားပြီဖြစ်တဲ့ taehyungကို ဖင်ကွဲမတတ်အော်ခေါ်နေသော Jimin။လူတွေကြည့်ခါမှ ဇာတ်လေးပုသွားပြီး ငြိမ်သွားသည်။
"Kim Taeအစုတ်ပလုတ် ငါ့မှာ ပိုက်ဆံမပါပါဘူးဆိုမှ သေချင်းဆိုးကြီး"
KAMU SEDANG MEMBACA
One Shot Fic
Cerita PendekIf I get the plot I will write one shot in this fic.So please motivate my idea fic.I hope you enjoy this.
