"အဟမ်း ငါ့ကို အိမ်ထိလာပြီး ခေါ်မှတော့ ငါလိုက်ခဲ့မယ်လေ ရုံးပိတ်ရက်ဆိုတော့ ငါအေးအေးဆေးဆေး အလုပ်လုပ်ဖို့ အဆင်ပြေပါသေးတယ် ခဏစောင့်နော် ငါအဝတ်လဲမလို့ ''

ဟေးရင်၏ မျက်နှာက လငပုပ်ဖမ်းသကဲ့သို့မှောင်မဲသွားသောကြောင့် ရှောင်းကျန့် မခိုးမခန့်ပြုံးလိုက်ပြီး အိမ်အပေါ်ထပ်ကိုတက်သွားလိုက်သည်။

ဧည့်ခန်းထဲက ဟေးရင် နဲ့ မင်ယောင်းတို့သည့် တိတ်ဆိတ်လျက် ကျန်နေခဲ့ကြသည်။

ဟေးရင်သည် ဟာမင်ယောင်းကို ချမ်းသာသည်ဖြစ်စေ ဆင်းရဲသည်ဖြစ်စေ နှစ်သက်သည်။ ဟာမင်ယောင်းကို သူမဖခင်ဆီမှာ တောင်းဆိုပြီး လက်ထပ်ဖို့ထိ ဆုံးဖြတ်စီစဉ်ထားပြီးသားဖြစ်သည်။

"Sorry နည်းနည်းလေး စောင့်လိုက်ရတာအတွက် ''

ဘောင်းဘီတိုအနက်ရောင်လေးအား ရှပ်အင်ကျီလေးအဖြူပွပွလေးနဲ့တွဲဝတ်ထားသည့် ဂျွန်ဆန်း က ကလေးလေးအတိုင်းပဲ ချစ်ဖို့ကောင်းနေသည်။

"မဟုတ်တာပဲ ရပါတယ် ''

"အင်း သွားကြမယ်လေ ''

ဟာမင်ယောင်းစကားကို ပေါ့ပါးစွာ ပြန်ဖြေပြီး ၃ယောက်လုံး အိမ်ရှေ့ထွက်ခဲ့သည်။

"ငါက ငါ့ကားနဲ့ လိုက်မယ်လေ မင်းတို့အတွဲကိုမနှောက်ယှက်ချင်ဘူး ''

ထိုစကားကို ဟေးရင်ရဲ့မျက်နှာကိုကြည့်ပြီး ပြောလိုက်တာကြောင့် မင်ယောင်းရဲ့ လက်သီးဆုပ်ကာ ပျက်ယွင်းသွားသည့် မျက်နှာအရိပ်အကဲအား ရှောင်းကျန့်မတွေ့လိုက်ပေ။

.............

"ဂျွန်ဆန်း အဆင်ပြေရဲ့လား ဒါတွေက မင်းအကြိုက်တွေ ဟုတ်ပေမယ့် အရသာမတူရင် မင်းအတွက် အဆင်မပြေမှာစိုးရိမ်လို့ ''

" အာ ရပါတယ် မင်းရဲ့ ချစ်သူကိုပဲ ဂရုစိုက်ပါ ''

ဟေးရင်ကို မျက်ခုံးပင့်ပြီး ပြောလိုက်သည့် ဂျွန်ဆန်းက မင်ယောင်းအတွက် ပြောမပြတတ်တဲ့ ခံစားချက်ကို ပေးစွမ်းနေသည်။

တိတ်ဆိတ်နေတဲ့ ထမင်းစားဝိုင်းမှာ ဟေးရင်၏ အသံက ပြန်လည်ထိုးဖောက်လာသည်။

Peculiarly System [Completed ]Where stories live. Discover now