PART-10💚

336 30 4
                                    

MY BEST PARTNER

(Unicode)

"Oh P'Off ဘယ်တွေသွားနေတာလဲ စာမေးပွဲနီးနေပြီလေ"

"ဪဘယ်မှမဟုတ်ပါဘူးဟိုကောင်တွေဆီခဏ"

Off Mae: "ဘာဟိုကောင်တွေဆီလဲ Ai Off နင် Gunသွားတာနဲ့ပျောက် ပျောက် သွားပြီ Gun ပြန်လာမှပြန်ရောက်လာတာလေ"

"Oh Mae ကလည်း ကျနော်ကစာသွားလုပ်တာပါ ဒီမယ်ကြည့်စာအုပ်တွေ တွေ့လား"

ယုံချင်စရာတစ်ကွက်မှမရှိဆိုတဲ့ မျက်နှာထားနဲ့နှစ်ယောက်မရှိ ကျနော် Off Jumpolရဲ့Maeပါခင်ဗျား

Maeအပြောကြောင့် ဟိုကလေးပေါက်ကနှုတ်ခမ်းလေးထော်ထော်နဲ့ အပေါ်ထပ်ကအခန်းကိုခြေဆောင့်တက်သွားလေရဲ့

ဒီကလေးဘာတွေကောက်တေးသွားလည်းမသိဘူး ဒါပေမဲ့ချစ်စရာလေး

................................................................................

အလကားလူကြီး Gun ကိုချစ်တယ်ဆိုပြီး ကောင်မလေးအသစ်ရနေတာပဲနေမှာ

တော်ပြီ Gun အဲ့လူကိုမချစ်နဲ့ မချစ်နဲ့မနက်ဖြန်စာမေးပွဲ​ဖြေရတော့မှာ ကောင်းကောင်းအနားယူရမယ်

အတွေးတွေနဲ့နပန်လုံးနေတုန်းပွင့်ဟလာတဲ့တံခါးဝမှ

"Papii အဆိုးလေးရေ ပူတူးတူးလေးရေ အိကျိအိကျိလေးရေ "

"ဒီမှာ ခင်ဗျားလူကိုဘယ်လိုတောင်ခေါ်နေတာလဲ"

"ကလေးလေးကအသဲယားဖို့ကောင်းလို့လေ
ကြည့်ပါအုံးကောက်စိန်လေးဘာတွေစိတ်ကောက်နေတာလည်းခင်ဗျာ"

"ဘာမှမကောက်ပါဘူး"

"သေချာလို့လား ကလေးလေးနှုတ်ခမ်းလေးကဘဲပေါက်စလေးလိုဆူနေတာတောင် စိတ်မကောက်ဘူးပေါ့လေ"

"အင်းမသေချာဘူးကောက်နေတာ အမှန်တိုင်းမပြောပြလို့ ခင်ဗျားပြောတော့ချစ်တယ်ဆို ဒါလေးတောင်မပြောပြနိုင်ပဲနဲ့ဘာချစ်တာလဲ"

"ပြောပြရင်က​လေးကစိတ်မဆိုးမှာသေချာလား"

"ဘာလဲနောက်ကောင်မလေးတစ်ယောက်နဲ့တွဲနေပြီဆိုတဲ့အကြောင်းလား"

"Oh ho ဘယ်ကနောက်ကောင်မလေးရမှာလဲ ဒီကလေးပိစိလေးဆီမှအချစ်တွေအကုန်မြုပ်နှံထားပြီးချစ်မဝဖြစ်နေတာကို"

My Best PartnerWhere stories live. Discover now