" လင်းယွင် မင်းဘာကိုဆိုတာလဲ "

အကြီးအကဲတွေကဒေါသတကြီးမေးလညသည်။

လင်းယွင်ပြန်‌မ‌ဖြေခင်မှာပဲ

" ပိုင်ဖန်း အစေခံကောင် နင်ကဒီရောက်နေတယ်ပေါ့လေ အိမ်မှာ နင့်ကို ခိုင်းထားတဲ့အလုပ်တွေကို ပစ်ပြီးဒီမှာလာအပါးခိုနေတယ်ပေါ့ "

" မေ့ဟွာ ညီမလေး "

ချန်မေယွီက တားဆီသလို ဆက်မပြောခိုင်းချင်ယောင်‌စကားသုံးလိုက်သော်လည်း ပိုင်ဖန်းက နှုတ်ခမ်းမဲ့လိုက်သည်။ စံအိမ်မှာကျန်နေခဲ့တဲ့ သူကိုတောင်လှမ်းခေါ်ပြီး ပွဲထဲမှာပြဿနာရှာစေတာ သူမဟုတ်တဲ့အတိုင်း။ အရှက်ကိုမရှိဘူး။ ချန်မေ့ဟွာက ဂရုမစိုက်ဘဲ ပိုင်ဖန်းကိုသာ ဦးတည်အော်ပြောသည်။

" ဟဲ့ အခိုင်းအစေခံကောင် ငါပြောတာမကြားဘူးလား "

ပွဲထဲ၌ လူအကုန်လုံးက လင်းယွင်ကို သနားသလိုကြည့်ကာ ပိုင်ဖန်းကို ရွံရှာသလိုကြည့်နေကြသည်။ လင်းအိမ်တော်ဟာလည်း မျက်နှာကြီး မဲမှောင်နေသည်။ ဝန်းချန်းရန်ဟာ ဒေါသထွက်လွန်း၍ လက်ကိုကျစ်ကျစ်ပါအောင်ဆုတ်ထားသည်။ လက်ကသွေးကြောတွေတောင်ထောင်နေတာ ဘယ်လောက် ဒေါသကြီးနေမလဲသိသာသည်။

* 24 အဲ့မိန်းမကအရူးလား *

* ကျပ်မပြည့်တာပါ host *

* ငါလည်း အဲ့လိုထင်တယ် *

* host ချန်အိမ်တော်ရဲ့ဂုဏ်သတင်းကိုဖျက်စီးပါ *

* အင်း *

ထိုစဉ် လင်းယွင်ဟာ သူ့လူကိုမျက်စပစ်လိုက်တာကြောင့် အရိပ်အကဲနားလည်သော သက်တော်စောင့်က ချက်ချင်း မေ့ဟွာကို တားစီးလိုက်သည်။

" သခင်ကြီး ကျွန်တော်ရှင်းပြတာကို နားထောင်ပေးပါ "

လင်းယွင်ဟာ သူ့အဖေဘက်သို့လှည့်ကာ ပြောလိုက်သည်။ ထို့နောက် လင်းယွင်ဟာ projector တစ်ခုကို ယူလာစေပြီး သူရဲ့ laptop နဲ့ချိတ်ဆတ်လိုက်သည်။ ထို့နောက်သူတို့နှစ်ယောက်ရဲ့ဆေးစစ်ချက်အပါအဝင် ပိုင်ဖန်းဟာ ဘယ်သူဖြစ်ကြောင်း သက်သူနဲ့တကွချပြတော့သည်။ လင်းအိမ်တော်ဟာ ကြည့်နေရင်း တဖြည်းဖြည်းအံ့ဩလာကြကာ နောက်ဆုံးမှာတော့ အကြီးအကဲတစ်ယောက် ပိုင်ဖန်းကို ဖက်လိုက်‌လေတော့သည်။

System 2443(Uni+Zawgyi)Where stories live. Discover now