Extra Chapter 1 (Unicode)

Start from the beginning
                                    

သူ အနည်းငယ် ရှက်စွာဖြင့် ပြုံးလိုက်မိသည် ။

************

ကျွန်တော်တို့ ဆိုင်ထဲဝင်လိုက်တော့ Derek က စားပွဲတွင် ထိုင်ကာ စောင့်နှင့်နေလေပြီ ။
ကျွန်တော် လှမ်းအော်ခေါ်လိုက်သည် ။

" ဟေး... Derek... "

Mcqueen က Derek အနား သွားပြီး သူ့ကိုယ်သူ အလျင်အမြန် မိတ်ဆက်လိုက်လေသည် ။

" ဟိုင်း... ကျွန်တော် က Mcqueen ပါ... Edd ဆီကနေ တစ်ဆင့် Derek အကြောင်းတွေ အများကြီး ကြားထားဖူးပါတယ်... "

Mcqueen က လက်ဆွဲ နှုတ်ဆက်ဖို့ လက်ကိုကမ်းပေးလေသည် ။

Derek က ရုတ်တရက် ထလာပြီး Mcqueen ကို မုန်းတီးသော အကြည့်ဖြင့် ကြည့်ကာ Mcqueen မျက်နှာကို ဆွဲထိုးလိုက်လေသည် ။

" ဟာ... Derek... "

ကျွန်တော် သူ့ကို အလျင်အမြန် ဆွဲလိုက်သော်လည်း နောက်ကျသွားပြီ ဖြစ်သည် ။

" Edd... မင်း အရမ်းများသွားပြီ... မင်း Porn တွေမှာ ပါရတာနဲ့ မလုံလောက်သေးလို့ ဒီလိုမျိုး မင်းကို Porn လောကထဲ ရောက်စေပြီး နာမည်ပျက်စေခဲ့တဲ့သူနဲ့ တွဲနေရသလား... " .

" Derek... ငါ Porn လောကထဲက ထွက်လိုက်ပြီ ဆိုတာ မင်းသိပါတယ်... နောက်ထပ်လည်း ဘယ်တော့မှ မရိုက်တော့ဘူးလို့ ကတိပေးခဲ့တာပဲလေ... ငါ လူတစ်ယောက်ကို ဘယ်တုန်းကမှ ဒီလောက်အထိ သဘောမကျခဲ့ဖူးဘူး Derek... တခြားလူတွေ ဘာပြောလဲ ဆိုတာကို ငါ ဂရုမစိုက်ဘူး... ငါက မင်းကို သူငယ်ချင်း တစ်​ယောက်အနေနဲ့ နားလည်စေချင်တာပဲ.... "

ကျွန်တော်ကိုယ်တိုင်ပင် Derek ကို ဒေါသအလျောက် ပြန်အော်ပြောမိလေသည် ။

" မင်း... မင်း တကယ်ကိုပဲ Edd... မင်းမှာ ကိုယ့်ကိုယ်ကို လေးစားသမှုဆိုတာ မရှိတော့ဘူးလား ဟေ့ရောင်... "

ပြောရင်း Derek က အသံတွေတုန်ကာ မျက်ရည်တွေကျလာပြီး ငိုလေတော့သည် ။

" မင်းက ဘာလို့ ဒီနေရာမှာ ငိုတဲ့သူ ဖြစ်နေရတာလဲ Derek... "

ကျွန်တော့်မှာ Derek ကိုလည်း ချော့ချော့မော့မော့ ပြန်ပြောရသေးသည် ။

" အဲ့တာ မင်းအမှားကြောင့်ပဲ... အရူးကောင်... "

Derek က ငိုနေရင်း မကျေမချမ်း ဆိုလာလေသည် ။

ရေပြင်ပေါ်၌ လမ်းလျှောက်ခြင်း Completed ( မြန်မာဘာသာပြန်)Where stories live. Discover now