Chapter 35 (Unicode)

5.2K 399 6
                                    

Chapter 35

" တစ်ယောက်ယောက်က ကိုယ်တို့နှစ်ယောက်ကို ပန်းခြံမှာ တွေ့သွားတယ်ထင်ပါရဲ့... "
Mcqueen က စဥ်းစဥ်းစားစား ပြောလာသည် ။

အခန်းထဲတွင် ကျွန်တော်တို့ နှစ်ယောက် စကားပြောနေကြသည်ကို ဂျနီဖာ ၊ Janine နှင့် တေလာတို့က အခန်းပြင်မှ တိုးတိုးတိတ်တိတ် ချောင်းကြည့်နေကြလေသည် ။

" ကိုယ်တို့ နှစ်ယောက်အကြောင်း Gay Forum ပေါ်တင်တာ ဘာမှတော့ အရေးမကြီးပါဘူး... ဒါက သူတို့ဘာသာသူတို့ ခန့်မှန်းပြောကြတဲ့ အတင်းဖျင်းစကားတွေပဲလေ... "

" အဲ့တာဆိုရင်တော့ တော်သေးတာပေါ့... ကျွန်တော်တို့ နှစ်ယောက် နမ်းနေကြတာကိုပါ တွေ့သွားရင်... "

" တွေ့သွားလည်း ဘာဖြစ်တုန်း... ကိစ္စမရှိပါဘူး... ဒါသူတို့ လေပန်းပြီး လျှောက်ပြောကြတာလောက်ပဲဟာကို "

Mcqueen က ထိုင်နေရာမှ ထလာပြီး ကျွန်တော့်အနီး တိုးကပ်လျှောက်လာလေသည် ။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Mcqueen က ထိုင်နေရာမှ ထလာပြီး ကျွန်တော့်အနီး တိုးကပ်လျှောက်လာလေသည် ။

" အဲ့အချိန်တွေ ပြန်ရောက်သွားမယ်ဆိုရင်တောင်မှ ကိုယ် မင်းကို နမ်းဦးမှာပဲ... ရထားအရှေ့မှာတင် အဲ့ထက် ဆိုးတာတွေလည်း လုပ်မိရင် လုပ်မိဦးမှာ... "
Mcqueen က ကျွန်တော့်ပုခုံးပေါ် သူ့ မေးကို တင်လိုက်ရင်း စိတ်လှုပ်ရှားဖွယ်အသံဖြင့် ဆက်ပြောလေသည် ။
" အခုတောင် ကိုယ် လုပ်ချင်နေပြီ... "

Mcqueen နှင့် ကျွန်တော် ဒီမနက်စောစောက တစ်ခါ လုပ်ပြီးသွားကြပြီဖြစ်သော်လည်း Mcqueen က အားအင်ပြည့်လျက်ပင် ရှိသေးသည် ။

Mcqueen ၏ လိင်စွမ်းဆောင်ရည် မည်မျှကြီးမားသည်ကို ကျွန်တော် အသိဆုံးပင် မဟုတ်ပါလား ။

" ကဲ... ဒါဆို ရိုက်ဖို့ အဆင်သင့်ဖြစ်ပြီလား... "

ထို့နောက်တွင်မူ ရိုက်ကွင်း စလေပြီ ဖြစ်သည် ။
ရိုက်ကွင်း၏ ခေါင်းစဥ်က Mcqueen ကျွန်တော့်ကို ပြောဖူးပြီးသားဖြစ်သော Straight Theme Gay Porn ဖြစ်သည် ။
T / N အရှေ့အပိုင်းများတွင် ရှင်းပြထားပြီး ။

ရေပြင်ပေါ်၌ လမ်းလျှောက်ခြင်း Completed ( မြန်မာဘာသာပြန်)Where stories live. Discover now