" မင်းတွေ့ထားတဲ့ ခေါင်းတလားကိုစစ်ဆေးကြည့်ဖို့အတွက် ငါလူတစ်ယောက်ကိုရှာထားတာ ၊ ငါပထမ ဘယ်သူ့ကိုစုံစမ်းရမှန်းမသိဖြစ်နေတာ။ နောက်တော့မှ အဆင်ပြေမဲ့ လူကိုတွေ့တယ်"

"ဘယ်သူလဲ ဘယ်လိုစစ်ဆေးမှာလဲ"

"လာမှာပေါ့ မလောပါနဲ့ ၊ သူက တော်တော်လေး တော်တဲ့လူတစ်ယောက်ကွ ၊ သုတေသနပညာရှင်တွေထဲက အတော်ဆုံးတစ်ယောက်ပဲ၊၊ Remus လေ "

ကတ်နက်ဖေးက ခေါင်းခါရင်း

"ငါမသိဘူး"

"မင်းဘယ်သိမလဲ ၊ သူက ပေါ်ပေါ်ထင်ထင်သိပ်မနေဘူးကွ ၊ ငါက သူ့ကိုအကူအညီတောင်းတာကို ပထမတော့ မပေးဘူး ၊ သူမအားဘူးပဲဖြနေတာ "

"အခုလက်ခံလိုက်ပြီလား"

ကက်နက်ဖေးမေးတော့ လော်ရီက မြှောက်ကြွဂုဏ်ယူနေသောရုပ်နှင့်ပြောလာ၏။

"ဒါပေါ့ ၊ ငါက Howard Carter ရဲ့ မျိုးဆက်လို့ပြောလိုက်တယ်လေ ၊ အဲ့တော့ သူက အံ့သြသွားပြီး ချက်ချင်းပဲ လက်ခံတယ်"

လော်ရီ၏ စကားကြောင့် ကတ်နက်ဖေးလည်းပြုံးမိသွားသည်။ လော်ရီသည် ရှေးဟောင်းသုတေသနပညာရှင် Howard Carter ၏ မျိုးဆက်ဖြစ်သည်။

Howard  Carter ဆိုသည် တခြားလူမဟုတ်။ ကျော်ကြားသော တူတန်ခမန် ( Tutankhaman ) သင်္ချိုင်းကို ရှာဖွေတွေ့ရှိခဲ့သော ပညာရှင်တစ်ယောက်ဖြစ်ပင်။

ထို့ကြောင့် သူသည် ရှေးဟောင်းသုတေသနပညာရှင်များကြားတွင် အတော်နာမည်ကြီးတယ်။ လော်ရီသည် သူ၏ မျိုးဆက်ဖြစ်၍ Remus က လက်ခံပေးလာသည်။

ကတ်နက်ဖေးက ဘီယာဗူးကို လက်နှစ်ဖက်နှင့်ကိုင်ကာ

"ဒါဆို ငါတို့ဘယ်လိုလုပ်မလဲ "

"ငါသူနဲ့ ဆက်သွယ်ထားတယ် ၊ ငါတို့နှစ်ယောပ်က သူ့ဆီကို ခေါင်းတလားကိုသွားပေးမှဖြစ်မယ် ၊ အဲ့တာမှသူ စစ်ဆေးရမှာ ၊ ငါကားငှားထားဖို့ပြင်ထားတယ် ၊ မင်းသဘောရော"

"အင်း ဖြစ်တယ် ၊ ခေါင်းတလားက တော်တော်လေးတာ  ငါတို့ကားနဲ့တင်လို့မရဘူး ၊ ကာလဲ ကာမှမဟုတ်ဘူး ၊ မင်းအသိထဲက ကားကိုငှားလိုက် ၊ ခေါင်းတလားကသူများမြင်လို့မရဘူး ၊ တော်ကြာရှုပ်ထွေးကုန်မယ်"

ARAGI : Son Of Set Where stories live. Discover now