10

2.6K 457 10
                                    

[  Zawgyi  ]
  
အရာဂီ၏ လက်ထဲက အရာလေးကို ကတ်နက်ဖေးသေသေချာချာစိုက်ကြည့်နေမိသည်။ ထိုပစ္စည်းလေးကိုယူကာ သူသည် သေချာစစ်ဆေးမိသည်။

အပေါ်ပိုင်းတွင် အနည်းငယ်ရှည်မျောမျောအဝိုင်းလေးရှိကာ ဘေးနှစ်ဖက်တွင်ဖြောင့်တန်းလျက်ရှိသည်။ အောက်ဖက်တွင်လည်း ဒုတ်ချောင်စသဏ္ဍာန်ရှိသေး၏။

ပိုပြီးရှင်းအောင်ဆိုရရင် လက်ဝါးကတ်တိုင်၏အပေါ်တွင် ရှည်မျောမျောအဝိုက်ကလေးကပ်ပါနေသည့်ပုံဖြစ်သည်။

သို့သော် အောက်ဖက်တွင် သော့သဏ္ဍာန်ဖြစ်နေလေသည်။

ဤ သော့သည် The key of life သင်္ကေတနှင့် သော့ ဖြစ်သည်။ ၎င်းသည်စိတ်တံခါးနှင့်စစ်မှန်သော အမှန်တရား ၏ သင်္ကေဖြစ်ပြီးရှေးအီဂျစ်နတ်ဘုရားများနှင့်အတူတွဲတွေ့ရသည်။

လူတို့သည် အီဂျစ်နတ်ဘုရားများအားပုံဖော်ရာတွင် တစ်ခါတရံ ထိုသင်္ကေတကိုပါ ထည့်သွင်းဖော်ပြလေ့ရှိသည်။

ကတ်နက်ဖေး စိတ်ထဲ ဇဝေဇဝါဖြစ်လာသည်။ အဖိုး၏ ရွှေပြားက သော့ပုံစံပြောင်းသွားတာ။ သို့သော် မည်သည့်အရာကိုဖွင့်ရမည့်သော့နည်။

အခုမှ သော့ဖြစ်သွားပုံမရ အဖိုးလည်း ထိုသော့ကိုမမြင်ခဲ့လောက်ပေ။ သို့သော်အဖိုးက ရွှေပြားကထူးဆန်းနေသည်ကို သိနေခြင်းလား။

ခေါင်းထဲတွင် ပုစ္ဆာများတန်းစီဝင်လာပြီး သူသည် အရာဂီအား လှည့်ကြည့်လိုက်သည်။ အရာဂီ၏ ရင်ဖက်မှဆေးမင်ကြောင်များသည်တည်ငြိမ်သွားပြီဖြစ်သည်။ စောနကလို လှုပ်ရှားနေခြင်းမရှိတော့ဘဲ တော်တော်လေးကို ပြောင်းလဲသွားသည်။ မသိလျှင်သာမာန်ဆေးမင်ကြောင်များသာ။

ကတ်နက်ဖေး ထို ဆေးမင်ကြောင်တွေကိုထိရင်း

"နာလား "

အရာဂီက ခေါင်းခါသည်။

ကတ်နက်ဖေး သက်ပြင်းချရင်း လက်ထဲက သော့ကိုသာစိုက်ကြည့်နေလိုက်သည်။ တော်တော်လေးကိုထူးဆန်းနေပြီ။

လော်ရီနှင့်သူရွှေပြားကို စတွေ့တုန်းက အရာဂီ၏ ခေါင်းတလားဓာတ်ပုံနောက်မှာ။ ထို့နောက် သော့ပုံစံပြောင်းသွားတာကလဲ အရာဂီ၏ လက်နှင့်ထိမှပြောင်းသွားတာ။

ARAGI : Son Of Set Where stories live. Discover now