ယန်းကျွင် :: " မင်းသဘောပါပဲ။ "

ယန်းကျွင်က ဂိမ်းကစားတဲ့အခါ မျက်နှာထားက အေးစက်ပြီး တိတ်ဆိတ်သွားတယ်။ ပွဲအနည်းငယ် ပြီးသွားတဲ့ထိ ယန်းကျွင်တစ်ယောက် ဂိမ်းထဲက microphone မဖွင့်တာ ဖိန့်ရန် တွေ့လိုက်ရတယ်, သူ့အသင်းသားတွေရဲ့ microphone ကတော့ တစ်ချိန်လုံး အရောင်လင်းနေတာပဲ။

ယန်းကျွင်က မြေပြင်လယ်မှာ ရန်သူတွေကို အလဲထိုးသတ်နိုင်လိုက်တာ မြင်တော့ ဖိန့်ရန် မနေနိုင်ဘဲ ထုတ်ချီးကျူးမိတော့တယ် " မင်းက အရမ်းကျွမ်းတာပဲ။ "

ဂိမ်းကာရိုက်တာက တောင့်တောင့်ကြီး ရပ်သွားပြီး ယန်းကျွင်တစ်ယောက် ဖိန့်ရန်ကို မေးခွန်းထုတ်သလို လှည့်ကြည့်လိုက်တယ်။ ရန်သူတစ်‌ယောက်က နံရံထောင့်ကနေ ပြေးလာနေပြီ။ ဖိန့်ရန် သူ့အင်္ကျီကို အလိုလို ဆွဲလိုက်ပြီး သတိပေးလိုက်တယ် " ညာဘက်မှာ တစ်ယောက်‌ယောက် လာနေပြီ! "

ယန်းကျွင် screen ကို ပြန်ကြည့်မိတဲ့အခါ သူက သေတ္တာတစ်ခုတောင် ဖြစ်သွားပြီ။

ဖိန့်ရန်က မျက်ခုံးတွေ ပြေလျော့သွားပြီး လွှတ်ပေးလိုက်တယ် " ငါ မင်းကို နှောင့်ယှက်မိလိုက်တာလား? "

" မဟုတ်ပါဘူး " ယန်းကျွင် headset ကိုချွတ်ပြီး တွဲဖက်ခန်းဆီ ပြန်လာလိုက်တယ် " ငါ ‌ခြေလှမ်းသံမှားပြီး နေရာမှားချိန်မိလိုက်တာပါ။ "

ယန်းကျွင်က headset ကို ဖြုတ်လိုက်တော့ ဖိန့်ရန်က ဂိမ်းရဲ့ နောက်ခံသီချင်းကို ကြားလိုက်ရတယ်။

ယန်းကျွင် နောက်တစ်ပွဲ ထပ်ဆော့တော့မှာကို မြင်တော့ ဖိန့်ရန် မေးလိုက်မိတယ် " မင်း headset မပါဘဲ ကစားတော့မလို့လား? ခြေလှမ်းသံတွေကို ကြားရပါ့မလား? "

" ကြားရတယ်။ ငါ အဲ့တာ ဝတ်လိုက်ရင် မင်း ပြောတာကိုတော့ မကြားနိုင်တော့ဘူးလေ။ "

ဖိန့်ရန် တစ်ခဏလောက် ကြောင်အသွားရတယ် " မင်း ‌ငါပြောတာ ကောင်းကောင်း မကြားရလည်း ကိစ္စမရှိပါဘူး။ "

ယန်းကျွင်က နှစ်စက္ကန့်လောက် တိတ်ဆိတ်သွားပြီးနောက် " မင်း ခုနက ငါ့ကို ဘာပြောလိုက်တာလဲ? "

ငါ မင်းရဲ့ကောင်လေးကို အချိန်အကြာကြီး ကြိုက်လာတာ [ဘာသာပြန်]Where stories live. Discover now