"မေမေကလည်းဗျာ။ ကျွန်တော့်အသက်က 14 နှစ်ပဲရှိသေးတာလေ ဘယ်ကရည်းစားလဲ "

"အေးမဟုတ်ရင်လည်းပြီးရော။ အခုကဘယ်သွားဖို့လဲ "

"မေမေ့ကိုသား ညကပြောပြီးပါရောလား။ ဘောကြီးနဲ့ သာဓုကန်ဘုရားသွားဖို့ပါဆို "

"အေး! သွားရင်လည်းသတိထားသွား။ အခုတလော လုယက်မှုတွေပေါကပေါနဲ့။ နင်တို့က လူပျိုပေါက်လေးဖြစ်လာတာနဲ့ ကလန်ကဆန်ကလုပ်ချင်လာတယ်။ မိဘစကားဆိုသိပ်နားထောင်ချင်တာမဟုတ်ဘူး။မသွားနဲ့ပြောရင်လည်း အမေတို့ကချုပ်ချယ်တယ်ဘာညာက အထွန့်တက်ချင်သေးတာ။ နင်တို့ကပြောမရဆိုမရအရှေ့ကသွား၊ ပူရတာကအနောက်ကမိဘတွေပဲ"

အမေ့ရဲ့မဆုံးနိုင်သော စကားအရှည်ကြီးကိုမကြားချင်ယောင်ဆောင်လို့ စက်ဘီးသော့လေးကိုဆဲဲဖြုတ်ယူပြီး ထွက်လာခဲ့တော့သည်။

"မေမေရေ သားသွားပြီ!  စောစောပြန်လာခဲ့မယ်။ မပူနဲ့နော်"

"တွေ့လားပြောနေရင်းကို၊ မျိုးမြင့်ထွန်း အမေကိုလည်းငါပြောရအုံးမယ်။ နင်တို့ကိုပူးထားလို့မရတော့ဘူး...."

အလက်ာ မေမေ့ရဲ့ စကားသံကိုကြားနေရပါသေးသည်။ အသစ်စက်စက်ခင်းထားသည့် ကတ္တရာလမ်းထက် စက်ဘီးကိုအရှိန်တင်ပြီးနင်းလိုက်သည်။ အရင်ကဆိုသည်လမ်းတွေက မိုးတွင်းဆို ရွှံတွေနဲ့ချော်ကချော်။ နွေရာသီဆို ရွှံတွေကပက်ကြားအက်လို့ "ပက်ကြားအပ်ထဲငုံ့ကြည့်ရင်တောင် ငရဲ ပြ ည်မှာ ဒေဝဒတ် ငုတ်တုပ်ထိုင်နေတာ မြင်ရတယ်"ဆိုတဲ့စကားလိုပဲ ပက်ကြားကိုအပ်လို့။ အခုမှသာ ခြောက်လမပြည့်သေးသောကတ္တရာလမ်းလေးထက် စက်ဘီးကိုအေးအေးလူလူနင်းနိုင်သည်။

"ဘောကြီးရေ! သွားရအောင်ဟေ့ "

စက်ဘီးက ဘဲလ်လေးကိုတီးလိုက်တော့ မျိုးမြင့်ထွန်းက သူ့ရဲ့တစ်ပတ်ရစ်စက်ဘီးလေးကိုထုတ်လို့ ရီကျဲကျဲနှင့်ထွက်လာလေသည်။ ပြောမယ့်သာပြောရသည် ။ မျိုးမြင့်ထွန်း ဆိုတဲ့ကောင်က အတော်လေးထွားပြီး အသားညိုညို မေးရိုးထင်းထင်းနဲ့ ကြည့်ပျော်ရှူပျော်ရှိသည်။

"သား ဗိုက်ပူရေ! မင်းသူငယ်ချင်းကို သေချာဂရုစိုက်လိုက်ပါအုံးကွယ်"

မောင့်ကိုမှ ချစ်မိနေပါတယ် <<ေမာင့္ကိုမွ ချစ်မိနေပါတယ်>>Where stories live. Discover now