6

106 17 8
                                    

"ဗိုက်ပူရေ ငါ့ကို ခဲဖျတ်လှမ်းစမ်းပါ"

"ဗိုက်ပူရေ ငါ့ဘောပင်အောက်ကျသွားလို့ကောက်ပေးပါအုံး "

"ဗိုက်ပူရေ မုန့်စျေးတန်းမသွားဘူးလား "

"ဗိုက်ပူရေ..."

"အစ်ကို! "

"ဘာလဲ ဗိုက်ပူ "

အလက်ာ ရဲ့မျက်နှာဟာဆူပုတ်လာပြီး အဏ္ဏဝါ ကိုစိတ်ဆိုးမာန်ဆိုးနဲ့လှမ်းအော်လေတော့သည်။ မနက်ကျောင်းမတက်ခင်ကတည်း ဗိုက်ပူ ၊ ဗိုက်ပူ ဆိုပြီးပါးစပ်ဖျားကမချ။ အဏ္ဏဝါ သက်သက်စနေမှန်းသိပေမယ့် ဗိုက်ပူဆိုတဲ့နာမည်ကြီးကလှမှမလှဘဲ။ အလက်ာ ရှက်လို့မျက်နှာတောင်ရဲနေလေပြီ။

အဏ္ဏဝါ ကတော့ ပြုံးစိစိနဲ့ရီချင်တာကိုအောင့်ထားရလွန်းလို့ မျက်ဝန်းထောင့်တွင် မျက်ရည်စအချို့နှင့်စိုစွတ်နေလေပြီ။ လူကြီးရှက်ရင်ရီတယ်၊ ကလေးရှက်ရင် ငိုတယ် ဆိုတဲ့စကားလိုပဲ အလက်ာ့ကိုကြည့်ရတာငိုတော့မလိုလို ။

"ဗိုက်ပူလို့မခေါ်နဲ့ဗျာ "

"ဘာလို့လဲ။ ချစ်ဖို့ကောင်းတာပဲကို "

အလက်ာ ကအုန်းဆီတွေရွှဲနေတဲ့သူ့ဆံပင်တွေကိုသူဆွဲဖွလို့ အဏ္ဏဝါ့ထံ ဘုကြည့်လေးကြည့်နေရှာ၏။ ချစ်လွန်းလို့သာ ကြည့်နေတာ။ အဏ္ဏဝါ့ နေရာမှာသာအခြားသူဆို တစ်ခုခုလုပ်ပြီးသွားပြီဖြစ်သည်။ သို့ပေမယ့်လည်း အဏ္ဏဝါ ကချစ်ဖို့ကောင်းတယ်လို့ပြောတော့လဲ သဘောကျချင်ချင်။ ငိုနေတဲ့ကလေးပါးစပ်ထဲစုပ်လုံးထိုးထည့်ခံလိုက်ရသလို ဆက်ပဲစိတ်ဆိုးရမလား၊ ထပဲပျော်ရမလားမသိ။ အစ်ကိုဟာ သိပ်ဆိုးပါတယ်။

"ဗိုက်ပူ ရ ငါပြောမယ်။ ဗိုက်ပူဆိုတဲ့ နာမည်ကဘယ်လောက်တောင်ချစ်စရာကောင်းလိုက်လဲ။ ငါသိချင်တာ မင်းငယ်ငယ်က ဗိုက်ပူပူလေးမို့လား ။ ဟုတ်တယ်မလား။ ဖင်လေးလုံးလုံးလေးနဲ့ မို့လား"

"အစ်ကိုကဗျာ။ ကျွန်တော်ငိုမှာနော် "

"မင်းကငိုရအောင် ဘယ်နနှစ်ရှိနေပြီလဲ။ ရီးစားထားရင်တောင်ရနေတဲ့အရွယ်ကို လာငိုနေရင် ငါကနောင်တစ်ချိန်မင်းရီးစား ရတဲ့အခါ မင်းရီးစားမှန်သမျှကိုပတ်ပြောမှာနော်။ မင်းက ဗိုက်ပူလို့ခေါ်လို့ စိတ်ဆိုးပြီးငိုတဲ့အကြောင်း "

မောင့်ကိုမှ ချစ်မိနေပါတယ် <<ေမာင့္ကိုမွ ချစ်မိနေပါတယ်>>Where stories live. Discover now