~~~~~~~~~~~~~
To be continue....

Unicode

"ပရော်ဖက်ဆာ!"

မစ္စတာဖီးရှ် က ပရော်ဖက်ဆာ စနိပ်ကို မြင်တော့ အေနာက္ကို နည်းနည်း ဆုတ်သွားသည် ...

" လူစီးရပ်စ် ကို ကျတော်ပဲ ဧည့်ခံလိုက်ပါ့မယ်!"

စနိပ္က မစ္စတာ ဖီးရှ်ကို ပြောလိုက်တော့ မစ္စတာဖီးရှ်က သူရဲ့ ချဉ်ပြုံးပြုံးမျက်နှာနဲ့ ခေါင်းတစ်ချက်ညိမ့်ပြီး ပြန်ပြောရှာတယ်..

" ဟုတ်ကဲ့ပါ!ပရော်ဖက်ဆာ! "

မစ္စတာဖီးရှ်ထွက်သွားတော့ ပါမောက္ခ စနိပ္က လူစီးရပ်စ်ကို သ့ူရဲ့ကျောက်ရုပ်မျက်နှာနဲ့ ကြည့်သည်...

"မင်း ဒီကို ဘာလာလုပ္တာလဲ?"

စနိပ်၏ အသံက ဇာတ်လမ်းထဲမှာကဲ့သို့ တည်ငြိမ်လွန်းသလို ကြောက်ဖို့လည်းကောင်းသည်..
ဒီလောက် ကြောက်ဖို့ကောင်းတဲ့အသံနဲ့ စာသင်နေတာ ကျောင်းသားတွေတော့ လန့်မသေကုန်ဘူးလား မသိဘူး🙄
လူစီးရပ်စ် စနိပ္ကို ကြည့်ပြီး တွေးလိုက်မိသည်..တစ်ဆက်တည်းမှာပဲ... တခြားအကြံတစ်ခုပါ ထပ်ထွက်လာတော့သည်..
...ဟုတ္သားပဲ!စာသင်တာ..ငါ ဒရေကိုနဲ့ ဟယ်ရီကို အနီးကပ်ဆုံးစောင့်ကြည့်လို့ရမယ့် အကြံတစ်ခုရပြီ...

"ငါ..ငါ ဒမ်ဘယ်ဒေါကို လာတွေ့တာ"

"ဘာ!!..မင်းဘာပြသာနာရှာမလို့လဲ?လူစီးရပ်စ်!ဒီကိုလာတာမင်းအတွက် အန္တရာယ်များတယ်ဆိုတာ မသိဘူးလား?"

စနိပ္က အော်ပြောလိုက်တော့ လူစီးရပ်စ် နည်းနည်းတောင် လန့်သွားမိတယ်..စနိပ်၏အသံ မွာ စိုးရိမ္သလို အရိပ်အယောင်တွေပါ ပါလာသည်...သူ့ကိုယ့်သူ စိတ္ပူတာပဲလား..လူစီးရပ်စ်ကို စိတ်ပူနေတာလား မသဲကြဲ..

"အေးပါ..ငါသိပါတယ်..ငါ..သွားတော့မယ်နော်!ငါ့ကို စိတ်ပူမနေပါနဲ့..ကိစ္စရှိလို့လာတာ!ကောင်းတဲ့ကိစ္စပါ..ကျိန်ဆိုကျိန်ရဲတယ်"

လူစီးရပ်စ်၏ ကျိန်ဆိုကျိန်ရဲတယ်ဆိုတဲ့ စကားကြောင့် စနိပ်လည်း ဘာမှထပ်မပြောတော့ဘဲ သက်ပြင်းတစ်ချက်သာချလိုက်သည်...

အဲလစ်စ်က ဇာတ်လမ်းကြည့်ကတည်းက လူစီးရပ်စ် နဲ့ စနိပ်နဲ့က သူငယ်ချင်းတွေဆိုတာ သိပြီးသား..သို့သော် ဒီလောက်ရင်းနှီးလိမ့်မယ် လို့တော့ မထင်ခဲ့ပါ..။

စနိပ္ကို နှုတ်ဆက်ပြီး ဒမ်ဘယ်ဒေါ၏ အခန်းဘက်သို့ ထွက်လာလိုက်တော့သည်..ဒါပေမယ့် အခန်းက ဘယ်မှာလဲ?ငါမွ မသိတာ..

(ဟဲ့! System ! အခန်းက ဘယ်မှာလဲ?)

(ဗ်ာ..ဘယ်သူ့အခန်းလဲ!)

System ဆိုတဲ့ကောင် အလုပ္ကို အာရုံမစိုက်ပုံများ..ကိုယ့် Host က ဘာကိုပြောမှန်းတောင် သေချာမသိဘူး...ဘေးနားမှာသာ ရှိလို့ကတော့ နရင်းတွေချည်း ပိတ်အုပ်ပလိုက်မှာ..

(နင့်အဖေ..ဒမ်ဘယ်ဒေါ ရဲ့ အခန်းဟေ့!)

( အော်!ဟုတ်ကဲ့ သိပါပြီ!Host ကလည်း အော်ဖို့ချည်းပဲ)

အဲ့လို..အဲ့လို..သူ့ကို အော်ရင်လည်း အသံက ညိုးသွားသေးတယ်..အအော်တော့မခံချင်ဘူး..$ချိုးကျ မပြေဘဲနဲ့..😒

(ညာဘက်ကိုကွေ့..လှေကားကိုတက်ရင်..ဒမ်ဘယ်ဒေါရဲ့ ရုံးခန်းကိုရောက်..!)

"ပါမောက္ခ! "

System စကားမဆုံးသေးခင် အရှေ့မှာ သူ့ဆီကို ဦးတည်ပြီးလာနေသည့် ပါမောက္ခ ဒမ်ဘယ်ဒေါ ကို တွေ့လိုက်ရသည်...ဘေးကနေ ပရော်ဖက်ဆာ မက်ဂေါ်နဂယ် ပါ ပါလာသည်...

ပါမောက္ခဒမ်ဘယ်ဒေါ ကလည်း လူစီးရပ်စ် ကို တွေ့တော့ ပရော်ဖက်ဆာမက်ဂေါ်နဂယ် နဲ့ စကားပြောနေတာကို ရပ်ပြီး လူစီးရပ်စ် ဆီသို့ လျှောက်လာသည်...

"ဒီကို ဘာကိစ္စ ရှိလို့လဲ?မစ္စတာ မက်ဖွိုင်း"

"ဟို..ပြောစရာရှိလို့ပါ!ပါမောက္ခ "

"ဘာကိစ္စများလဲ?"

"ကျတော်ဒီကျောင်းမှာ ဆရာလုပ်ချင်လို့ပါ!"

"ဘယ္လို!"

လူစီးရပ်စ်၏ စကားကြောင့် ဒမ်ဘယ်ဒေါ ရော မက်ဂေါ်နဂယ် တို့ပါ အံသြသွားကြသည်မှာ အမှန်ပင်...

"ပါမောက္ခ! "

အတော်ကြာသည်အထိ ဒမ်ဘယ်ဒေါက ဘာစကားမှမပြောတာကြောင့် လူစီးရပ်စ်က ပါမောက္ခ ဟု ခေါ်လိုက်သည်..

"well!မစ္စတာ မက်ဖွိုင်း..ကျတော့ရုံးခန်းကို လိုက်ခဲ့ပါ"

"ဟုတ်ကဲ့!ပါမောက္ခ! "

ဒီလိုနဲ့ လူစီးရပ်စ်လည်း ပါမောက္ခ ဒမ်ဘယ်ဒေါ နဲ့ ပရော်ဖက်ဆာ မက်ဂေါနဂယ် တို့်နောက်ကို လိုက်သွားလေတော့သည်...

~~~~~~~~~~~~~
To be continue....

My Fujoshi Father... (ကျွန်တော့ရဲ့ Fujoshi ဖေဖေ )Where stories live. Discover now