စနိပ်ကို နှုတ်ဆက်ပြီး ဒမ်ဘယ်ဒေါ၏ အခန်းဘက်သို့ ထွက်လာလိုက်တော့သည်..ဒါပေမယ့် အခန်းက ဘယ်မှာလဲ?ငါမှ မသိတာ..
(ဟဲ့! System ! အခန်းက ဘယ်မှာလဲ?)
(ဗျာ..ဘယ်သူ့အခန်းလဲ!)
System ဆိုတဲ့ကောင် အလုပ်ကို အာရုံမစိုက်ပုံများ..ကိုယ့် Host က ဘာကိုပြောမှန်းတောင် သေချာမသိဘူး...ဘေးနားမှာသာ ရှိလို့ကတော့ နရင်းတွေချည်း ပိတ်အုပ်ပလိုက်မှာ..
(နင့်အဖေ..ဒမ်ဘယ်ဒေါ ရဲ့ အခန်းဟေ့!)
( အော်!ဟုတ်ကဲ့ သိပါပြီ!Host ကလည်း အော်ဖို့ချည်းပဲ)
အဲ့လို..အဲ့လို..သူ့ကို အော်ရင်လည်း အသံက ညိုးသွားသေးတယ်..အအော်တော့မခံချင်ဘူး..$ချိုးကျ မပြေဘဲနဲ့..😒
(ညာဘက်ကိုကွေ့..လှေကားကိုတက်ရင်..ဒမ်ဘယ်ဒေါရဲ့ ရုံးခန်းကိုရောက်..!)
"ပါမောက္ခ! "
System စကားမဆုံးသေးခင် အရှေ့မှာ သူ့ဆီကို ဦးတည်ပြီးလာနေသည့် ပါမောက္ခ ဒမ်ဘယ်ဒေါ ကို တွေ့လိုက်ရသည်...ဘေးကနေ ပရော်ဖက်ဆာ မက်ဂေါ်နဂယ် ပါ ပါလာသည်...
ပါမောက္ခဒမ်ဘယ်ဒေါ ကလည်း လူစီးရပ်စ် ကို တွေ့တော့ ပရော်ဖက်ဆာမက်ဂေါ်နဂယ် နဲ့ စကားပြောနေတာကို ရပ်ပြီး လူစီးရပ်စ် ဆီသို့ လျှောက်လာသည်...
"ဒီကို ဘာကိစ္စ ရှိလို့လဲ?မစ္စတာ မက်ဖွိုင်း"
"ဟို..ပြောစရာရှိလို့ပါ!ပါမောက္ခ "
"ဘာကိစ္စများလဲ?"
"ကျတော်ဒီကျောင်းမှာ ဆရာလုပ်ချင်လို့ပါ!"
"ဘယ်လို!"
လူစီးရပ်စ်၏ စကားကြောင့် ဒမ်ဘယ်ဒေါ ရော မက်ဂေါ်နဂယ် တို့ပါ အံသြသွားကြသည်မှာ အမှန်ပင်...
"ပါမောက္ခ! "
အတော်ကြာသည်အထိ ဒမ်ဘယ်ဒေါက ဘာစကားမှမပြောတာကြောင့် လူစီးရပ်စ်က ပါမောက္ခ ဟု ခေါ်လိုက်သည်..
"well!မစ္စတာ မက်ဖွိုင်း..ကျတော့ရုံးခန်းကို လိုက်ခဲ့ပါ"
"ဟုတ်ကဲ့!ပါမောက္ခ! "
ဒီလိုနဲ့ လူစီးရပ်စ်လည်း ပါမောက္ခ ဒမ်ဘယ်ဒေါ နဲ့ ပရော်ဖက်ဆာ မက်ဂေါနဂယ် တို့်နောက်ကို လိုက်သွားလေတော့သည်...