||19||

1.4K 173 12
                                    

[U]

အပြာရောင်မိုးသားပြင်မှ လင်းလက်တောက်ပလာသော မနက်နေရောင်သည် အဖြူရောင် လိုက်ကာများ အကြားတိုးဝင်ကာ အခန်းထဲသို့ ဖြာကျလာသည်။အဖြူရောင် အိပ်ယာထက်မှာ ပူးကပ်ကာ အိပ်နေကြသည့် လူနှစ်ဦးက အဝတ်ကင်းမဲ့လျက် တစ်ဦးကို တစ်ဦး၊ လွတ်ထွက်သွားမှာ ကြောက်သည့်အလား ဖတ်တွယ်ထားကြသည်။

ဟင့်...

နေရောင်ခြည်စူးစူးကြောင့် အိပ်မရတော့တဲ့ luo yunxi က မလိုမကျဟန် ငြီးငြူသည်။ထိုအသံလေးကြောင့်ပဲ မတိုင်ခင်က အိပ်ပျော်နေသည့်
chen feiyu က နိုးလာပြီး ၊ သူ၏ရင်ခွင်ထဲသို့ ပိုတိုးဖက်ကာ ချော့မြူလိုက်သည်။

"ကျွတ်ကျွတ်...လိမ္မာတယ်၊ ပြန်အိပ်လိုက်..ကျွတ်ကျွတ်..."

အမှန်တကယ်ပြန်အိပ်ပျော်သွားတဲ့ yunxi ကို အိပ်ယာထက်မှာ ထားရစ်ခဲ့ပြီး၊ feiyu က သန့်စင်ကာ အိမ်အောက်သို့ ဆင်းသွားခဲ့သည်။မနက်စာများ အဆင်သင့်ပြင်ဆင်ပြီးချိန်မှ အပေါ်ထပ်သို့ ပြန်တက်ကာ ဦးသေးသေးလေးအား နိုးရန် ပြင်ရတော့သည်။

ကလစ်~~~

အခန်းထဲဝင်လိုက်ချိန်မှာ နိုးနေပြီဖြစ်တဲ့ yunxi က ကုတင်ပေါ်မှာ မျက်လုံးများ မဖွင့်ပဲ စူပုတ်ပုတ်လေး ထိုင်နေသည်။feiyu က ခပ်ဟဟရယ်လိုက်ပြီး၊ yunxi အနားသို့ သွားကာ ထိုင်လိုက်သည်။

"နိုးပြီလား..."

"အကျင့်ပုတ်ကြီး၊ ငါရပ်လို့ပြောတဲ့အချိန်မှာ ရပ်ရမယ်ဆိုတာ မသိဘူးလား၊ ခု ငါ ခါးတွေနာနေပြီ..."

သူ့ကို စူပုတ်ပုတ်လေးနဲ့ ဂျစ်တိုက်နေတဲ့ yunxi ခေါင်းလေးကို သူက ဖွဖွလေးဖွလိုက်သည်။အကျီမကပ်တဲ့ ခန္ဓာကိုယ်သေးသေးပေါ်က အရောင်ပြောင်းနေပြီဖြစ်တဲ့ အမှတ်အသားလေးများကို ခပ်ဖွဖွပွတ်သပ်လိုက်ပြီး၊ ညှပ်ရိုးပေါ်က
ကိုက်ရာပေါ်ကို ဖွဖွလေး နမ်းလိုက်သည်။

"feiyu မ မရတော့ဘူးနော်...ငါနာနေပြီ.."

သူ့ကို အားမပါပဲတွန်းကာ၊ ဖယ်ထုတ်နေသည့် လက်သွယ်သွယ်လေးများကို သိမ်းကျုံးယူပြီး
သူ့ရင်ခွင်ရှေ့တွင် ကပ်လိုက်သည်။

Melodrama[ FeiYunXi ]<Rebirth>[completed]Where stories live. Discover now