||12||

1.7K 242 26
                                    

[U]

မူလဝတ္ထုမှာ luo yunxi က ၁၈နှစ်အရွယ်ကောင်လေးကိုတစ်ယောက်ကို တွေ့ခဲ့ပြီး၊ မြင်မြင်ခြင်းမှာပဲ ထိုကောင်လေးကိုချစ်မိခဲ့ပြီး၊ သူ့အပိုင်ဖြစ်ဖို့ကြိုးစားခဲ့တယ်။အစကတည်းက အရည်အချင်းမရှိ၊ဘာကိုမှမလုပ်ကိုင်တက်လို့ မိဘတွေဆုံးပြီးနောက်မှာယောင်လည်လည် ဖြစ်နေတဲ့ သူ့ဘဝလေးကို ကြိုးစားတည့်မတ်ပြီး အမြင့်ရောက်အောင်ကြိုးစားတယ်။အခြေမခိုင်ပေမဲ့လို့ အကြိမ်ကြိမ်ကျဆုံးတဲ့အခါမှာ ထိုလူကိုဆုံးရှုံးရမှာကြောက်တဲ့စိတ်တဲ့ ကောင်လေးသဘောကျတဲ့ အမျိုးသမီးဇာတ်လိုက်ကို အမျိုးမျိုးဒုက္ခပေးခဲ့တယ်..

ဒါကသူ့ဘဝရဲ့သေဆုံးခြင်းအစပဲ ဖြစ်တယ်။သူ့အချစ်ကိုလှောင်ရယ်ပြီး၊ အရူးလိုဆက်ဆံတဲ့ ဇာတ်လိုက်ဖြစ်သူ Chan Feiyu က သူ့ကိုအကြိမ်ကြိမ်ဖြတ်စီးနှောက်ယှက်စေပြီး၊ ဇာတ်လိုက်မင်းသမီးကို ကြိုက်တဲ့ ဗီလိန်ဖြစ်သူ ဇာတ်လိုက်ညီ Chen Feiyi ကလည်း သူ့ကိုသေဆုံးစေခဲ့တယ်...

System ရဲ့ စကားအဆုံးမှာ yunxi က သက်ပြင်းရှည်ကြီး ချလိုက်မိတယ်..

"အဲ့တာကြောင့် host က ဇာတ်သိမ်းကိုပြောင်းပြစ်ရမှာပါ..host က ဇာတ်သိမ်းပြောင်းဖို့ ရွေးခြယ်ခံထားရသူပါ.."

yunxi က ခေါင်းတညိမ့်ညိမ့်လုပ်နေရင်းမှ သတိရသွားသည်..

"ခဏ နေ နေပါအုန်း..ငါကြားလိုက်တာ ဇာတ်လိုက်နာမည်က chen feiyu?  ဟုတ်လား....
ငါခုနထဲက နားကြားမှားနေတာမဟုတ်ပဲ ၊ ငါမွေးစားလိုက်မိတာ ဇာတ်လိုက်ပေါ့ ဟုတ်လား.."

အလန့်တကြားမေးလာတဲ့ yunxi ကို System က တစ်ဟုတ်ဟုတ်နဲ့ ဝမ်းသာအားရ ထောက်ခံတယ်..

ငါ့ကံက အဲ့ဒီလောက်တောင် ကောင်းတာလား..
မဟုတ် မဟုတ်ဘူး ကံဆိုးတာ၊ အတော်ဆိုးတာ..
yunxi က ကျမလာတဲ့မျက်ရည်များကို ညှစ်ထုတ်လိုက်မိသည်..

"ကောင်းပါပြီ host, Dramaခင်းနေတာရပ်ပြီး၊ အခုကတော့ နိုးထရမဲ့အချိန်ပါ...."

System ရဲ့စကားဆုံးတာနဲ့ သူ့နားထဲကို ပြင်ပက အသံများ တိုးဝင်လာသည်..
မျက်လုံးဖွင့်လိုက်တာနဲ့ အလင်းရောင်ဟာ အလုအယက်တိုးဝင်လို့လာသည်..
သူက သတိမကပ်သေးတုန်းမှာပဲ ဆရာဝန်အချို့က သူ့အနားမှာပြာယာခက်နေပြီးနောက်မှာ ပြန်လည်ထွက်ခွာလို့သွားသည်...

Melodrama[ FeiYunXi ]<Rebirth>[completed]Where stories live. Discover now