🅿🅰🆁🆃 ••『5』

Comenzar desde el principio
                                    

" ခင်ဗျား ဘာလုပ်တာလဲ ကိုကို... "

ဘယ်လောက် စိတ်ဆိုး နေပါစေ ကိုကို ဆိုတာ အခေါ် မပျက်တဲ့ ကောင်လေးပါပင်။

" မသောက်နဲ့ ၊ မကောင်းဘူး "

" ဘာက မကောင်းတာလဲ "

" မင်းသောက်နေတဲ့ ဆေးလိပ် "

" ကျနော်ကြိုက်လို့ ၊ သောက်တာ "

" ငါမကြိုက်ဘူး မသောက်နဲ့ "

" ခင်ဗျားမှာ အမိန့်ပေးခွင့် ရှိလား ကိုကို"

ရှောင်ကျန့် နှုတ်ခမ်းရဲရဲ က သူ့အလိုလို ဆူထော်သွားမိသည် ။ ဟင့်  ! သူ့အတွက်လည်း ပြောရသေးတယ်.... ။

" စိတ်ထဲက နေ ဘာတွေ ကျိန်ဆဲနေတာလဲ ကိုကို "

" မကျိန်ဘူး "

ခပ်စွာစွာ ထွက်ပေါ်လာတဲ့ အသံကြောင့် ရိပေါ် နှုတ်ခမ်း တစ်ဖက်တွန့်ရုံ ပြုံးလိုက်မိသည် ။ ကိုကို ခင်ဗျား ကလေ....
အမျိုးမျိုး ကို ပြုစားနိုင်သော ပါပဲ ။

" နေ့ခင်းက ကိစ္စ ဖြေရှင်းချက်ပေးဖို့ ရှိလား "

" ရိ...ရိပေါ်... ! အဲဒါကလေ  ကိုကိုက... "

" ကျနော် စည်းကမ်းချက်ကို ခင်ဗျားမသိတာလား "

" မဟုတ်ပါဘူး ကိုကိုက.... ဒီတိုင်း "

" အပြစ်ပေးမှ ဖြစ်တော့မယ် ခင်ဗျားက။  ခုတလော သိပ်ဆိုးနေပါလား ကိုကို..... "

" ဟင့်အင်း မလုပ်ပါနဲ့ ။ ကိုကို...ကြောက်....ကြောက်တယ် "

" သိပ်မလန့်ပါနဲ့ ၊ ပါးပါး လေးပါပဲ ။
အပြစ်လုပ်ပြီး ရင် ထိုက်တန်တဲ့ အပြစ်ဒဏ်ခံရတယ်ဆိုတာ သိရမယ်မလား၊ ကိုကို ။ "

" ဟင့်....ဟင့်အင်း....။  "

ဇာတ်ပိုး ကို ရိုက်လိုက်တော့ မေ့ကြောကိုထိကာ ခွေကျသွားတော့မယ့် ကိုယ်လေးကို အသာ ဖမ်းယူကာ မြေအောက်ခန်း ကို သူ့ခြေလှမ်းတွေက ဦးတည်လိုက်သည်။

" ဝေါင်း....ဝေါင်း... ။ ."

ကျားတစ်ကောင် ရဲ့ မာန်ဖီသံက မြေအောက်ခန်းထဲ မယ် ပျံ့လွင့်နေသည်။
ဟုတ်တယ်... ကျား.... " Áspero" (Rough) လို့ခေါ်တဲ့ သူငယ်ငယ်တည်းက လက်သပ်မွေးလာတဲ့ အိမ်မွေး ကျားမလေး... ။

ʙᴇɪɴɢ ᴀ ʙᴏʏꜰʀɪᴇɴᴅ ᴏꜰ ᴍʏ ᴘᴏꜱꜱᴇꜱꜱɪᴠᴇ  ʙʀᴏᴛʜᴇʀ ( ᴄᴏᴍᴘʟᴇᴛᴇᴅ )Donde viven las historias. Descúbrelo ahora