အလင်းခေတ်မှအမှောင်ခေတ်သို့

10 0 0
                                    

"အမယ်လေး နောက်မှာလိုက်လာနေကြပြီ" သူမတို့အနောက်မှာ ချပ်ဝတ်တန်ဆာ အနက်တွေဝတ်ဆင်ထားတဲ့စစ်သည်များစွာ "ဟား ဟား အခုတော့နင်တို့ကို ကယ်ပေးမဲ့ နတ်ဘုရားမစုတ်လည်းမရှိတော့ဘူး ကမ္ဘာဆုံးထိပြေးနိုင်ရင်ပြေးကြစမ်း ဟား ဟား" ဘုရင်မနှစ်ပါး,ကလေးတစ်ယောက်နဲ့အတူသူမတို့ရဲ့စစ်သည်အနည်းငယ်ဟာ အနက်ရောင်စစ်တပ်ရဲ့ချေမှုန်းမှုကိုခံနေရတဲ့အချိန် "ဘုရင်မတို့ သတိထား " သတိပေးသံနဲ့အတူ ဘုရင်မနှစ်ပါးရဲ့ရှေ့ကို ကောင်းကင်ပေါ်ကကျရောက်လာတဲ့ မီးတောက်ကြီး "သတိထားကြ အားလုံး ဆက်ပြေးထားဆက်ပြေးထား" နောက်ကိုလှည့်ကြည့်လိုက်တဲ့အခါ စစ်နတ်ဘုရားလို့ လူသားတွေသိကြတဲ့ ကယ်လ်လာရို " နတ်ဘုရားကြီးကိုဂါဝရပြုကြဟေ့ " အနက်ရောင်စစ်တပ်ကြီးတစ်တပ်လုံးရပ်ပြီး ဂါရဝပြုကြရတယ် " ဟေ့ အယုတ်တမာဘုရင်မတွေရပ်ကြစမ်း" စစ်နတ်ဘုရားဆိုသလိုဩဇာညောင်းပြီးဟိန်းထွက်လာတဲ့စစ်နတ်ဘုရားရဲ့အသံ " မရပ်ကြနဲ့စစ်သည်တော်တို့ရှေ့ဆက်သွားကြ " စစ်နတ်ဘုရားကလက်တစ်ဖက်ကိုမြောက်လိုက်ပြီး ကောင်းကင်ကနေ မီးလုံးတွေကျလာခဲ့တယ် "အားလုံးသတိထားမီးလုံးတွေ " ပြောရင်းဆိုရင်း ဘုရင်မ မယ်လီယန် က မီးလုံးတစ်လုံးကိုသူမရဲ့ အစွမ်း နဲ့ဖယ်လိုက်တယ် " နင်တို့အယုတ်တမာနတ်ဘုရားမ ချီးမြင့်ထားတဲ့မလောက်လေးမလောက်စားအစွမ်း လေးနဲ့ငါ့အစွမ်းကိုလာ ယှဉ်မတဲ့လား ဟား ဟား " စိတ်ခြောက်ခြားဖွယ်လေသံကြီးနဲ့ အတူ " မီးလုံးကြီးဟေ့ ရှေ့ပြေး ပြေး... " သတိပေးသံဟာမဆုံးသေးပေမယ့် ဘုရင်မ နှစ်ပါးနဲ့က‌လေးအပြင် ဘယ်သူမှ သူမတို့နဲ့မရှိတော့ပါဘူး"
"အခုတော့ဘာတတ်နိုင်သေးလည်း ဟား ဟား "
ကယ်လ်လာရိုရဲ့ရယ်သံအဆုံးမှာ အနက်ကောင်စစ်သည်တွေက ဘုရင်မ‌‌နှစ်ပါးကိုဝိုင်းတိုက်ကြပါတော့တယ်၊ မယ်လီယန် ရဲ့ဓားကအရင်ဆုံး ပြေးထွက်လာတဲ့စစ်သည်တော်ဆယ်ယောက်ရဲ့ခေါင်းတွေကိုဖြတ်ပစ်လိုက်တယ်၊ လူအင်အားကွာတာကြောင့်ဘုရင်မတို့ဟာရှုံးလုဆဲဆဲ "ငါ့အစွမ်း နဲ့ ခဏကာထားလိုက်မယ် အချိန်တော့သိပ်မရဘူးပေါ့" ဘုရင်မ ဟယ်ရင်းနော် ရဲ့အစွမ်းနဲ့ ထို့လူအုပ်ကြီးရဲ့ဓားချက်လှံချက်တွေကနေခေတ္တကာထားလိုက်တယ်၊ "ငါတို့ကလေး လေးကိုကောင်းချီးပေးကြရအောင် အချိန်ရှိတုန်း " ဘုရင်မမယ်လီယန်ကဆိုတယ် ၊ "အင်းဒါပေါ့ ဒီကလေး ဟာ ငါတို့အားလုံးရဲ့မျှော်လင့်ချက်ဖြစ်လာလိမ့်မယ် သူမက ကျရှုံးသွားပြီးဖြစ်တဲ့ မိခင်နတ်ဘုရားမကြီး တပ်ဖလစ် လိုထူးခြားဆန်းကြယ် စွာနဲ့လောကကြီးအကြောင်းသင်ယူလိမ့်မယ် နတ်ဘုရား ဟာနင် လိုစိတ်ဓာတ် နတ်ဘုရားမ ကာဒါလန် လိုရုပ်ရည် နတ်ဘုရား မန်ဝီဟာ လိုအစွမ်းသတ္တိ တွေရှိလာလိမ့်မယ်၊ လောက တွေကိုတစ်စုတစ်စည်းတွေဖြစ်အောင်လုပ်မယ့် ပထမဆုံး ဧကရီ ဖြစ်လာလိမ့်မယ်၊ ယုတ်မာရက်စက်နဲ့ နတ်ဘုရားတွေနဲ့ နောက်လိုက်တွေကိုအကျဉ်းချ တရားစီရင်မဲ့သူဖြစ်လာလိမ့်မယ်၊  သူ့ အမေနဲ့ သူ့အဘိုး မလုပ်နိုင်ခဲ့တဲ့ကိစ္စရပ်တွေကို အကောင်အထည်ဖော်လိမ့်မယ် " ဟယ်ရင်းနော် ဘုရင်မဟာ ကံကြမ္မာညီမသုံးယောက်ထဲက "အနာဂတ်" ကိုပိုင်စိုးတဲ့သူဖြစ်တာကြောင့်အခုလို မဟာဟောကိန်းကြီးကိုထုတ်ခဲ့တယ် " မယ်လီယန်ကတော့  " ဒီကလေး ဟာ နတ်ဘုရား လောကမှာလည်းအသစ်ပြန်စပေးမယ့်သူဖြစ်လာလိမ့်မယ် သူမရဲ့အမေနဲ့ သူမရဲ့ အဘွားလို ညာဏ်ပညာကြီးမားပြီးစွမ်းအင်သြဇာထက်မြက်ကြီးမားတဲ့သူဖြစ်လာလိမ့်မယ် ဒါပေမယ့် သူမဟာ လမ်းမှားကိုရောက်ခဲ့ရင်တော့ သူမဟာလောကတွေကိုပျက်စီးစေလိ့မ်မယ် နတ်ဘုရားတွေကိုပါပျက်စီးစေလိမ့်မယ်  ပထမဦးဆုံးဖြစ်တည်တဲ့နတ်ဘုရားကြီး လိုမျိုးဖြစ်လာလိမ့်မယ် " ကံကြမ္မာ ညီအစ်မထဲက" ပစ္စပ္ပုန် "လို့အဓိပ္ပာယ်ရတဲ့  မယ်လီယန်ဟာ လည်း မဟာဟောကိန်းကိုထုတ်ပြန်တယ် ၊ သူမတို့အကာအကွယ် ပျက်ခါနီးပြီ "ခမည်းတော် ဒါကျွန်မတို့ရဲ့နောက်ဆုံးဆုတောင်းမို့ဖြည့်ဆည်းပေးပါ " အကာအကွယ်ဟာ ပျက်သွားပြီး ကယ်လ်လာရို ကိုယ်တိုင် ဘုရင်မနှစ်ပါးနဲ့ တိုက်ပါတော့တယ် ၊ ဒါပေမယ့် ကောင်းကင်ကနေ ထပ်ပြီးမီးလုံး ကြီးတစ်လုံးကျလာတယ် အစိမ်းရောင်မီးလုံးကြီး " သေခြင်းကိုပိုင်စိုးတဲ့ နတ်ဘုရားမ ဟာလ်သာ ကိုဂါရဝပြုကြစမ်း " အစိမ်းရောင်ချပ်ဝတ်တန်ဆာ အစိမ်းရောင်နဲ့ နီညိုရောင်ရောထားတဲ့ဆံနွယ်တွေ သူမဦးခေါင်းထက်ကလည်းလောကတွေက စွမ်းအားကြီးမားတဲ့သူတစ်ယောက်စီရဲ့အရိုး‌တွေနဲ့ပြုလုပ်ထားတဲ့ဦး‌ သျှောင်သရဖူ ၊ သူမအနောက်ဘက်ကို လွှင့်နေတဲ့ အစိမ်းရောင် ဝတ်ရုံကြီးနဲ့ သူမဆီက သေခြင်း တရားအငွေ့အသက်အနက်ရောင်စစ်တပ်ကြီးတစ်တပ်လုံး ဂါရဝပြုကြတယ် "အိုး အချစ်လေး ‌နှစ်ယောက် အခုထိ မသေနိုင်ကြသေးဘူးလားဟင် အနုနည်းနဲ့သေချင်လား ဒါမှမဟုတ် ငါရဲ့မောင် ရဲ့လက်ချက်နဲ့သေချင်လားဟင် ဟား ဟား " မယ်လီယန်ကို‌ပြောနေရင်း သူမရဲ့ ဓားလိုထက်တဲ့လက်သည်းကြီးတွေနဲ့ သွားတိုက်ခိုက် တယ် မယ်လီယန် ‌ကနောက်ကိုအနည်းငယ်ခုန်လိုက်တယ် သူမရဲ့ဓားနဲ့ ဟာလ်သာ ရဲ့လက်သည်းကိုနှစ်ချက်ဆင့်ခုတ်လိုက်တယ်၊ကယ်လာရိုကလည်း ဟယ်ရင်းနော်နဲ့တိုက်ခိုက်တယ် ၊ "မယ်လီယန်ကလေးကိုသတိထား" ကလေးကို ကယ်လ်လာရိုကသူရဲ့ဓားချက်နဲ့စီးခုတ်လိုက်ပေမယ့်..................

You've reached the end of published parts.

⏰ Last updated: Sep 05, 2021 ⏰

Add this story to your Library to get notified about new parts!

Light In The Dark (အမှောင်ထဲကအလင်းတန်း)Where stories live. Discover now