ဂျွန်ဆန်းသည် မင်ယောင်းအပေါ်ကို သာမန်ထက်ပိုသည့် ဟေးရင်ရဲ့ချစ်ခြင်းကို ရိပ်မိတာကြောင့် အမြဲနှောက်ယှက်ခဲ့သည်။ ဟေးရင်က မင်ယောင်းအနားကို အကပ်မခံသည့် ဂျွန်ဆန်းကို စိတ်ပျက်မုန်းတီးလာသည်။ သူမသည် ဂျွန်ဆန်းဆီကနေမင်ယောင်းကိုလုယူဖို့ ဆုံးဖြတ်ချက် ချခဲ့သည်။

မင်ယောင်းအမြင်မှာ ဂျွန်ဆန်းက သူမအပေါ်မှာ နိုပ်စက်သူ မကောင်းတဲ့သူ အဖြစ်မြင်အောင် သူမက ဟန်ဆောင်ခဲ့သည်။ မင်ယောင်းကလည်း သူမကို ဂျွန်ဆန်းနိုပ်စက်တာတွေမြင်ပြီးယုံကြည်သွားခဲ့သည်။ နောက်ဆုံး သူမအပေါ်မှာ အလွန်ယုံကြည်နေသည့် မင်ယောင်းကို
သူမက စပြီး ချစ်တဲ့အကြောင်း ဖွင့်ပြောခဲ့သည်။

ဂျွန်ဆန်းသည် မင်ယောင်းကို ဘယ်လိုပဲ ရှင်းပြနေပါသော်ငြား မင်ယောင်းက ဂျွန်ဆန်းကို အယုံအကြည်မရှိဘဲ ဟေးရင်မှဟေးရင်ဖြစ်နေခဲ့သည်။

ဂျွန်ဆန်းသူ့အပေါ်မှာ တိမ်းညွတ်နေတာကို ဝန်ခံတဲ့အချိန်မှာပဲ ဂျွန်ဆန်းကို အပြတ်ငြင်းခဲ့သည်။
သူ့ကြောင့် ဂျွန်ဆန်းကို တစ်ကျောင်းလုံးက Gay မှန်း သိရှိသွားကြသည်။

ရှောင်းကျန့်သည် မျက်ရိုးတွေကို နိုပ်နယ်ကာ အနားယူလိုက်သည်။

"Kitty ဂျွန်ဆန်းက ဘယ်လိုမျိုး အဆုံးသတ်သွားတာလဲ ''

"သူက သူများတွေဝိုင်းပြောတာမခံနိုင်လို့ ကြိုးဆွဲချသေတာပါ မသေခင်မှာ သေတမ်းစာ ရေးခဲ့ပါတယ် ဇာတ်လိုက်နဲ့ ဇာတ်လိုက်မက Happy Ending ပါ ''

"အော်~~ ''

ရှောင်းကျန့်က မြည်သံရှည်ဆွဲလိုက်ပြီးရေးနေဆဲလက်စ စာကိုကြည့်လိုက်သည်။

"ဘုရားရေ ဒါက သေတမ်းစာပဲ ''

ရှောင်းကျန့်အလန့်တကြားရေရွတ်လိုက်သည်။

ထို့နောက် သေတမ်းစာကိုဖတ်ကြည့်ပြီး နည်းနည်းလေး စိတ်တိုသွားရသည်။ ထို့နောက် စာရွက်ကို စုတ်ဖြဲကာ မျက်စိမှိတ်လိုက်သည်။

'နွားဖြစ်ချင်လွန်းတဲ့ ဂျွန်ဆန်းက သူ့ရဲ့ ပိုင်ဆိုင်သမျှ ဟာမင်ယောင်းဆိုသည့် ဇာတ်လိုက်စောက်ရူးအား လွှဲပေးသတဲ့'

Peculiarly System [Completed ]Where stories live. Discover now