ကလေးငယ်က သူ့ဘက် မျက်နှာငယ်လေးနဲ့ မရဲတရဲလေး ပြောရှာတယ်....

" မင်း ငါ့ကို မခွင့်လွှတ်နိုင်မှန်းသိပါတယ်....အခု ငါ့ရဲ့ပျော်ရွှင်မှု အစစ်အမှန်ကို ရှာတွေ့ခဲ့ပြီ..... မင်းကို ရန်ငြိုးထားမိခဲ့တာတွေ အတွက် တောင်းပန်ချင်ရုံပါZ "

ဦးမှိုင်း လေပြေအေးအေးလေးနဲ့သာ ပြောသည်......Z အပေါ်လုပ်ခဲ့တဲ့ အရာတွေက ခွင့်လွှတ်နိုင်စရာ မှမရှိတာ....။

ဦးမှိုင်း ဘေးက Yan ကတော့.... ဦးမှိုင်း လုပ်ရပ် မှန်တယ် ဆိုပြီး ပြုံးကာ ခေါင်းငြိမ့်ပြတယ်.... ကိုယ် မက်မော ခဲ့တဲ့ မင်းရဲ့ အပြုံးလေး...။

" ပြီးတော့ မိုးသားကို ကိုယ်တောင်းပန်ချင်တယ် Z ကို အနိုင်လိုချင်စိတ်နဲ့  မင်းကိုအရယူချင်မိတယ်..... တကယ်တော့  ကိုယ့်ဘေးနားမှာ အမြဲရှိနေတဲ့ သူကိုမေ့ထားခဲ့တာ..... အခုတော့ ကိုယ် လဲ သူလေးနဲ့ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးတခုကို တည်ဆောက်တော့မှာမို့  အရာအားလုံးအတွက် မိုးသားနဲ့ Z ကိုလာတောင်းပန်တာပါ"

ချစ်ရတဲ့ ကောင်လေးလက်ကို တွဲကာ .... လက်ထပ်တော့မည့် အကြောင်းဂုဏ်ယူဝင့်ကြွားစွာပြောနေသည့် ဦးမှိုင်း။

Z ကတော့ ဘာတစ်ခွန်းမှ မပြောသေးပါ.... သူရှေ့က တောင်းပန်နေသူရယ်.... သူ့ပေါင်ပေါ်ထက်ပြီး သူ့ကို ခွင့်လွှတ်ပေးဖို့ တောင်းဆိုနေတဲ့ ချစ်ရသူလေးရယ်.....

" ပြန်တော့ မဟာမှိုင်း...... "

" ကောင်းပါပြီ Z ဒါငါနဲ့ မကြာခင် လက်ထပ်မဲ့ သူ..... ငါဖိတ်စာ ပို့လိုက်မယ်..... မင်း ငါ့ကို ခွင့်လွှတ်နိုင်ရင် မင်္ဂလာပွဲ လာခဲ့ဖို့ တောင်းဆို ပါရစေ "

ဘေးက ကောင်လေးလက်ကို သေချာ စုတ်ကိုင်ကာ...ထွက်သွားတဲ့မဟာမှိုင်း....သူကိုယ်တိုင် အချစ်နဲ့ တွေ့တဲ့ အခါ.... အတ္တတွေ မာနတွေ ဘယ်ရောက်သွားမှန်း မသိတော့ဘူးပေါ့...။

" Daddy ဝမ်းနည်းနေလားဟင်... သားသားနဲ့ အပင်ပေါက်လေး ရှိတယ်...ဝမ်းနည်းပါနဲ့နော်... "

ဒီကလေးပေါ့... Z မျက်နှာလေး ငြိုးသွားတာနဲ့ Z ခေါင်းလေးကို သူ့ရင်ခွင်သေးသေးလေးထဲ ထည့်ပြီး အဆင်ပြေသွားမှာပါ ဆို ပြီး ခနခနပြောသေး .....။

Mr.Z..../ S1 ( Z &U )CompleteWhere stories live. Discover now