CHAPTER 69 - Shura Field

ابدأ من البداية
                                    

ငွေရောင်အလင်းတွေက ရေအောက်ထဲကဂျယ်လီငါးကြီးတွေလိုမျိုး လူအုပ်ထဲမှာကူးသန်ခတ်နေတယ်။ စင်အကြီးကြီးပေါ်မှာရပ်ပီး ကုရှင်ချွမ်းကခေါင်းငုံကာသီချင်းဆိုနေတယ်။ မျက်နှာသွင်ပြင်ကနူးညံ့နေပီး နှာခေါင်းကပိုပီးစင်းစင်းလေးဖြစ်နေတယ်။ နတ်ဘုရားတွေရဲ့ဂရုတစိုက်ထုဆစ်ပုံဖော်ခြင်းခံရတဲ့လက်ရာမြောက်အလှတရားလေး။

ဒီ group ထဲက ပုံတွေကထူးထူးခြားခြားပိုပီးအနုပညာရသပြည့်ဝနေတယ်။ စုန့်ရီပုံတစ်ပုံကိုသိမ်းလိုက်ပီး photographer ရဲ့ Weibo မှာ like ကိုနှိပ်လ်ုက်တယ်။

မိနစ်အနည်းငယ်အကြာမှာ ဖုန်းကတုန်ခါလာပီး wechat ကနေစာတစ်စောင်ဝင်လာတယ်။ စုန့်ရီစာမှတ်တဲ့ခဲတံလေးကိုကိုက်လိုက်ပီး ဖုန်းကိုဖွင့်လိုက်တယ်။

စာပို့ထားတာကကုရှင်ချွမ်းဖြစ်တယ်။

ကုရှင်ချွမ်း: မင်းယောက်ျားကချောတယ်မဟုတ်လား?

စုန့်ရီ: မဆိုးပါဘူး!

ကုရှင်ချွမ်း: ဘာကိုမဆိုးပါဘူးလဲ?

စုန့်ရီ: ကြည့်ရသလောက်တော့ ရုပ်ကစိုးမနေပါဘူး။

ကုရှင်ချွမ်း: ငါ့ရဲ့ရုပ်ရည်ကိုဒီလိုမျိုးဖော်ပြတာမင်းကပထမဆုံး ငါမှတ်ထားမှာ။

စုန့်ရီ: မင်းကမှတ်ထားပီးဘာလုပ်မလို့လဲ?

ကုရှင်ချွမ်းရဲ့ oversea call ကဝင်လာတယ်။ စုန့်ရီစားပွဲပေါ်မှာလှဲလိုက်ပီး  မထိန်းနိုင်ဘဲနှုတ်ခမ်းအစွန်းလေးတွေကကော့တက်သွားတယ်။ စက္ကန့်အနည်းငယ်လောက်အကြာမှာ သူဖုန်းပြန်ဖြေလိုက်တယ် "ဘာလဲ?"

"ငါမင်းကိုလွမ်းတယ်" ကုရှင်ချွမ်းအသံကလေးတွဲ့တွဲ့ထွက်လာတယ်။

စုန့်ရီအဖြူရောင်မျက်နှာကျက်ကိုမျက်လုံးမှေးကြည့်လိုက်ပီး ညင်ညင်သာသာပြန်ပြောလိုက်တယ် "ငါလဲမင်းကိုလွမ်းတယ်"

ကုရှင်ချွမ်းကစက္ကန့်အနည်းငယ်လောက်တိတ်သွားပီး သူ့အသံမှာအပြုံးတစ်ခုနဲ့အတူပြောလာတယ် "ငါအခုလောလောဆယ်လုပ်စရာလေးတွေအပြတ်ဖြတ်ပီးရင်မင်းဆီလာခဲ့မယ်"

"ကောင်းပြီလေ" စုန့်ရီသူ့မျက်နှာကိုဖျစ်ပီး ဆယ်ကျော်သက်အရွယ်လေးလိုမပြုမူမိစေဖို့အတင်းထိန်းထားရတယ်။ တကယ်တော့သူတို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက်မတွေ့ရတာ တစ်ပတ်လောက်တည်းပဲရှိသေးတယ်။

အချစ်ပြိုင်ဘက်နှင့်အချစ်အိမ်လေးတည်ဆောက်ခြင်း [ဘာသာပြန်]حيث تعيش القصص. اكتشف الآن