Part.2

13.2K 1.5K 523
                                        

(Zawgyi + Unicode)

....

"A '' Academy

အရည်အချင်းပြည့်ဝတဲ့ဆရာဆရာမတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး socialပိုင်းကိုပါ သင်ကြားပေးတာကြောင့်..
နိုင်ငံရဲ့A listစာရင်းဝင်ချမ်းသာတဲ့ကျောင်းသားကျောင်းသူတွေအများအပြားတတ်ကြပေမဲ့
အချင်းအချင်းအနိုင်ကျင့်တာ နှိမ်ချတာတွေ
ကိုယ်ထိလက်ရောက်ပြုမူတာတွေက တစ်ခြားကျောင်းများထက် အလွန်ကိုနည်းပါးသည်..။

ဆရာတွေကို ယဉ်ယဉ်ကျေးကျေးဆက်ဆံဖို့ကကျောင်းရဲ့သဘောကျစရာ..စည်းကမ်းချက်ဖြစ်သည်..။

Talentပိုင်းနဲ့ပတ်သတ်လျှင် သူ့ထက်ငါအလုအယက်ယှဉ်ပြိုင်တတ်ကြသော်လည်း တရားမဝင်နည်းလမ်းတွေဖြင့်အနိုင်ယူ၍မရ..။

ချွင်းချက်အနေဖြင့် အနုပညာပိုင်းမှာအားနည်းတတ်ကြပေမဲ့ဒီချို့ယွင်းချက်ဟာ
လွန်ခဲ့တဲ့ငါးနှစ်က ပြောင်းလာခဲ့တဲ့ကျောင်းအုပ်လက်ထက်မှာ ပပျောက်သွားခဲ့သည်..။

"F'' နိုင်ငံမှာ ဆယ်နှစ်ကျော်ပညာသင်ကြားခဲ့တဲ့ထိုကျောင်းအုပ်သည်'' A Academy'' ကျောင်း ပိုင်ရှင်ရဲ့တစ်ဦးတည်းသောသားဖြစ်ပြီး ပြန်လာတဲ့အခါ ကျောင်းကိုအမွေဆက်ခံခဲ့သည်..၊။

အသက်ငယ်တာကြောင့် မနိုင်မနင်းဖြစ်နေပြီဟု media တွေကပင်ခေါင်းကြီးသတင်းစာပိုင်းမှာထည့်ကာဖေန်လှောင်ပြောင်ခဲ့ကြသော်လည်း အရည်အချင်းထက်မြက်လွန်းတဲ့ ကျောင်းအုပ်ရဲ့လုပ်ရပ်တွေကြောင့် အလိုလိုနှုတ်ဆိတ်သွားသည်..။

ထိုကျောင်းအုပ်က ထူးခြားပြီးခိုင်ခံ့တဲ့ ဖွဲ့စည်းပုံကိုပြုပြင်ပေးခဲ့ပြီး popularity ထက် Talentကိုသာအရေးပေးသည့်သင်ခန်းစာတွေရိုက်သွင်းပေးခဲ့သည်..။

ကျောင်းဂုဏ်သတင်းရဲ့အပေါက်တစ်ခုဖြစ်နေခဲ့တဲ့ အနုပညာ ကိုမြတ်နိုးတာကြောင့် ကျောင်းရဲ့ဂီတချိန်တွေပါ ကိုယ်တိုင်လာသင်ကြားပေးတတ်တဲ့အခါ..

"A'' Academy ဟာ အနုပညာကျောင်းသားတွေပါ မျက်စိကျရာဖြစ်လာခဲ့လေသည်..။

" ခွန်းသ ကျောင်းနဲ့ ယူတော့မှာလားဟင်
နင့်မျက်နှာ ငါနောက်နှစ်မမြင်ချင်တော့ဘူးဟဲ့..''

လေပြည်မရှိသောအရပ် (season2)(Hiatus)Tempat cerita menjadi hidup. Temukan sekarang