ငိုအုန်းမယ် (7)

20.3K 1.9K 917
                                    

တစ်ကျီကျီနဲ့ငှက်သံဆူဆူကြောင့်
ဒဿအိပ်နေရကနေဒေါသကထောင်းခနဲ~~

"ကျစ်!!!!"
"ဟင်းးး~~~"

ဒဿရဲ့အလိုမကျအသံကြောင်
ရင်ခွင်ထဲကဖားပျံလေးက
သူကိုခွထားရပ်ကနေညည်းလာသည်...

ဒဿလက်မောင်းကိုခေါင်းအုံးထားတဲ့
သေးသေးလေးကိုကြည့်တော့
နူတ်ခမ်းတစ်ခုလုံးချောကလပ်တွေ
ပေပွနေသည်...

"ဟားး~ဟား~"

ညက အိမ်အတင်းပြန်မယ်လုပ်နေတဲ့
ကိုယ်တော်လေးကို

မိုးချုပ်လိုလမ်းပြတ်နေမည်ဖြစ်ကြောင်း
...လက္ခဏာတို့ကို့ ကိုယ်တော်လေးရဲ့
အိမ်ကိုအကြောင်းကြားခိုင်းမည်ဖြစ်ကြောင်း
တဖွဖွထိုင်ပြောမှငြိမ်သွားသည်.....

ရေမိုးချိုးပြီး...ဇာတ်ကားတူတူကြည့်ချင်တာကြောင် ့ပိတ်ကားချခါ တစ်ခန်းလုံး
အမွှေးနုနုစောင်လေခင်းပြီး~
မီးပိတ်ခါ..ရိုမန်တစ်ဆန်ဆန်
ကြည့်ဖိုပြင်ပေမဲ့..

သူဘေးက ပိန်းဉလေးကတော့
မုန်ထုပ်တာဖောက်စားပြီး
ပန်းချီဆွဲတဲ့အခန်းတောင်မရောက်သေး
တဟူးဟူးနဲ့အိပ်ပျော်သွားသည်...

အိပ်ပျော်သွားလို လက်ထဲကမုန်ထုပ်လေး
ဖယ်ပေးဖိုလုပ်တော့ ချောကလပ်တောင်ကို
လက်မှာကျစ်ပါအောင်စုပ်ပြီး
လုံး၀ကိုမလွှတ်၍အဲ့တိုင်းသာရင်ခွင်ထဲ
ဖတ်အိပ်ခဲ့ရသည် ဘာမှကိုမဘာလိုက်ရ!

ခုတော့ ဒဿအကျီကော
ရာမ နူတိခမ်းနဲ့ အကျီမှ ချောကလက်တွေ
ပေကလူးနေပြီး.....

ရာမနူတ်ခမ်းမှပေနေတဲ့ ချောကလပ်တွေကိုလက်မနဲ့သုတ်ခါဒဿစုတ်ယူလိုက်သည်။

{ဒီလို ကိုကို ကို့ရင်ခွင်အမြဲထည့်ထားလို
ရရင်သိပ်ကောင်းမယ်....}

နဖူးသွယ်လေးကိုနမ်းရိူက်ခါ
"ဒဿဖုန်းမြင့်က ရာမညကို
သိပ်ချစ်တယ်နော်.."

ခုလိုချစ်စကားပြောရင် နာမည်အတိကျနဲ့
လူအတည်ကျကိုစေ့စပ်အောင်ပြောပြီး
ကိုကို အပေါ် အလေးထားချင်သည်.

တစ်မနက်လုံးရင်ခွင်ထဲကောင်လေးကိုတာ
ကြည့်နေခဲ့သည်..ခုတော့ကျေးငှက်သံတွေက
သိပ်ချိုသာကုန်ပြန်ပြီ..

ရာမ ကို ပြန်လုမဲ့ ဒဿWhere stories live. Discover now