အခန်း(၃)

Start from the beginning
                                    

'putong'ဟူသော အသံ မြေပြင်ပေါ်သို့ ကျဆ
င်းလာသည့်အချိန်တွင် သူ့အသံလည်း ထွက်ပေါ်လာခဲ့သည်။'ကျောက်'မျိုးရိုးဖြင့် တပည့်သည် မတ်တပ်ရပ်ခဲ့ပြီးဖြစ်သော်လည်း ဝမ်ရွှမ့်စကားကို အလွန်အင်မတန် ကြောက်လန့်သွားပြီး နောက်တစ်ဖန် ဒူးထောက်လျက်သား ဖြစ်သွား၏။

သူ့နံဘေးတွင် ရှိနေသော မိန်းကလေးကိုလ
ည်း ကြမ်းကြမ်းတမ်းတမ်း ဆွဲထိုင်စေခဲ့ပြီး သူတို့နှစ်ဦး၏ ဦးခေါင်းမှာ မြေကြီးထဲသို့ တိုး
ဝင်လုမတတ်ပင်။

(note/ pū tōng(or)onom ပစ္စည်းတခုရေထဲ
ပြုတ်ကျသွားသလို၊ရေပြင်ပေါ်ရေစက်၊ရေပေါက်ကျဆင်းသွားသလိုအသံမျိုး)

အနှီကောင်လေးကတော့ အံ့သြခြင်း အလျဥ်း
မရှိဘဲ ငြိမ်နေဆဲဖြစ်သည်။ဝမ်ရွှမ့်အပြုအမူများမှာ ကြမ်းတမ်းကောင်း ကြမ်းတမ်းနိုင်
သော်လည်း နှလုံးသားကတော့ နူးညံ့သည် ဟူသော အချက်ကို အတပ်ပြောနိုင်သည့်အ
လား သူပြုံးလိုက်သည့် အချိန်တိုင်းတွင် မျ
က်လုံးလေးများတောင် မှေးစင်းသွား၏။

ဝမ်ရွှမ်ကတော့ သူ့ကို စိတ်မဝင်စားပေ။နော
က်ပြန်လှည့်​ကြည့်ပြီး ဒူးထောက်၊ခေါင်းငုံ့နေ
သူနှစ်ဦးကို

"ဘာမှ မကြားခဲ့သလိုမျိုး ဒီတစ်ကြိမ်ပဲ ဟန်
ဆောင်ပေးလိုက်မယ်။ဒါပေမယ့် မင်းတို့ ဒီလိုမျိုး အမှိုက်လို စကားတွေကို ရှေ့လျောက် ဆ
က်ပြောရဲအုံးမယ်ဆိုရင်တော့ နောက်တစ်ကြိ
မ်ဆိုတာ မရှိတော့ဘူး"

'ကျောက်'မျိုးရိုးဖြင့် သတ်လတ်ပိုင်းအရွယ်တပည့်သည် အကြိမ်ကြိမ် ကတိပေးခဲ့ပြီး ဝမ်ရွှမ် ခေါင်းညိတ်ပြလိုက်သော အချိန်၌ မိန်းက
လေးကို လက်ဆွဲ၍ မြန်မြန်ဆန်ဆန် ပြေးထွ
က်သွားလေတော့သည်။

ထိုနှစ်ဦးကို ရှင်းလင်းပြီးနောက် ဝမ်ရွှမ်တစ်
ဖန် ပြန်လှည့်ကြည့်မိရာ ကောင်လေးကတော့
တဲအတွင်းသို့ပင် ပြန်လျှောက်နေပြီဖြစ်သ
ည်။

"အထဲဝင်ပြီး ခဏလောက် ထိုင်အုံးမလား?"

ကောင်လေးက လက်ကို ဆန့်တန်း၍ မျှော်
လင့်ချက် အပြည့်ဖြင့် လက်ယပ်ပြနေသေး
၏။

တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Completed]Where stories live. Discover now