အပိုင်း(၁၄)

3.7K 322 14
                                    

"ဘာလာလုပ်တာလဲနေ....."

နေ အမေဖြစ်သူရဲ့နှစ်ယောက်တွဲဆိုဖာဘေးကခုံမှာထိုင်လိုက်ပြီး
"မာမီကလည်းနေကကိုယ့်အမေအိမ်တောင်လာခွင့်မရှိတော့ဘူးလား"

အမေဖြစ်သူကremoteနဲ့TVအသံလေးကိုတိုးလိုက်ပြီး
"အပိုတွေ....
အရင်ကဆိုမနည်းပင့်ခေါ်နေရတာ
အခုမှအထူးအဆန်းတွေလုပ်နေ"

နေ မျက်နှာလေးမကောင်းစွာဖြင့်စိတ်ပျက်လက်ပျက်ထိုင်နေလေသည်၊၊

နောက်ဆုံးတော့အမေဖြစ်သူရဲ့ဒေါသလျော့သွားအောင်နေ,ဖြစ်ကြောင်းကုန်စင်ကိုအမှန်အတိုင်းပြောချလိုက်တော့လေသည်၊၊

"ပြီးတဲ့ကိစ္စကိုဘာတွေအရစ်‌သွားရှည်ရတာနေ
ကဲ....အခုညည်းလက်စားချေတော့ရောဘာများကောင်းကျိုးရလို့လဲ.......
မြဲမြဲမှတ်ထားနေ.......
လက်စားချေတယ်ဆိုတာကိုယ်တိုင်ပါပူလောင်တယ်......ညည်းလည်းအခုပူလောင်ရပြီမလား"

နေ မျက်နှာလေးသုန်သုန်မှုန်မှုန်ဖြင့်
"မာမီကဘယ်လိုသိတာလဲ"

"ငါညည်းကိုမွေးထားတာပါအေ
မျက်နှာကြည့်လိုက်ရုံနဲ့သိတယ်
အိမ်ဆိုတာလူတွေဆုံနေချိန်မသိသာပေမဲ့
လူတစ်ယောက်လျော့ရင်သိပ်ကိုသိသာတယ်
ညည်းမာမီဆီလာရမှာမဟုတ်ဘူး
သမီးပိုးဆီသွားရမှာ"

"သွားတာပေါ့မာမီရယ်
မနေ့ကသမီးလေးကျောင်းကိုရောက်ခဲ့တယ်
ပိုးကအရမ်းကိုပြောင်းလဲသွားပြီ"

အမေလည်းနေ့ကိုကြည့်ကာသက်ပြင်းလေးချလိုက်ပြီး
"မာမီ ပြောတယ်မလားနေ
မရှိတော့မှတန်ဖိုးသိလည်းအပိုပဲလို့"

နေ စိတ်တွေရှုပ်ထွေးပြီးဆံပင်လေးတွေကိုသပ်တင်လိုက်ကာ
"နေ သူ့ကိုအဖြစ်မှန်တွေပြောပြပြီး
သူ့အပေါ်လည်းကောင်းပေးဖို့လေ
ဒါမဲ့သူက........"
နေ နောက်ဆက်တွဲစကားလုံးလေးတွေတောင်ဆုံးအောင်ပြောမထွက်တော့ပေ၊၊

"ပိုးဟာငယ်ငယ်လေးတည်းကသမီးအပေါ်အနွံတာအခံဆုံး......
သမီးတို့ဘာလို့ငယ်ငယ်ကတခါမှရန်မဖြစ်ကြလဲသိလား.....
ပိုး ,သမီးကိုအလျှော့ပေးလို့လေ
မာမီ ဒါတွေကိုသိလို့ပိုးနဲ့သမီးကိုပေးစားခဲ့တာ
ဒီတခါတော့နေ,ပြေပြေလည်လည်ရှင်းပြပြီးစိတ်ရှည်ရှည်နဲ့ပိုးစိတ်ပြေတဲ့ထိချော့နိုင်မှရမယ်"

နှလုံးသားပဲ့တင်သံWhere stories live. Discover now