ယွီချင့်ဟွမ်မှာ ဟော်ချွီအ​နေနဲ့ အလုပ်လုပ်​နေစဥ် ယခုကဲ့သို့အင်မတန်တောက်ပြောင်ခန့်ညား​နေလိမ့်မယ်ဆိုတာ ဘယ်တုန်းကမှမသိခဲ့​​​ပေ။ထိုကိန်းဂဏန်းများမှာ သူ့ဆွဲ​​ဆောင်မှုတရပ်အဖြစ်​သိပ်သည်းပျော်ဝင်သွားခဲ့သည်။

ပညာရှင်တ​ယောက်ဆီမှာပဲ​​တွေ့ရတက်တဲ့ ယခုလိုတမူထူးခြားပြီးပြစ်ချက်မရှိဆွဲ​​ဆောင်မှုတွေဆီမှာ သူ့အကြည့်​​တွေက စူးစိုက်​စွာကျ​ရောက်​​နေ၏။

"​ဟော်ချွီ"

သူ့ကိုယ်သူစိတ်နဲ့လူအမြန်စွဲကပ်လိုက်ရပြီးမှ ဟော်ချွီထံလက်​​​ဝှေ့ယမ်းပြလိုက်​တော့သည်။

"ဒီကိုလာ မင်းအကိုလာ​တွေ့​နေတယ်"

ယွီချင့်ဟွမ်အသံမှာ ထိုမျက်နှာ​သေနဲ့တည်ကြည်​​လေးနက်နေသော​ကောင်​လေးအား ပညာရှင်​တ​ယောက်အဖြစ်က​နေ ချစ်စဖွယ်​ကောင်​​လေးအသွင်သို့ ​ချက်ချင်းလက်ငင်းပြောင်းလဲ​ပေးလိုက်နိုင်သည်။

သူ့မျက်နှာမှာမဆိုသ​လောက်ရဲတက်သွားပြီးယွီချင့်ဟွမ်​အနားအ​ပြေးရောက်လာကာ သူ့အားဝမ်းသာအယ်လဲကြည့်​နေ၏။

"ချင့်ဟွမ် ကိုယ့်ကိုရှာလား?"

နံဘေးတွင်ရှိ​နေသည့် ဟော်ယုံကိုတော့ သူသည်လုံးလုံးလျားလျားမျက်ကွယ်ပြုထား​ပေသည်။

"ငါမဟုတ်ဘူး"

ယွီချင့်ဟွမ်မှ သူ့ဦးထုပ်​လေးအား​နေရာတကျပြင်​ပေးလိုက်ပြီးဆိုလိုက်သည်။

"မင်းအကိုမင်းကိုရှာ​နေတာ"

"ချွီ"

​ဟော်ယုံမှာ သူ့ညီ​လေးသည် ယွီချင့်ဟွမ်​ရှေ့မှောက်​ သူ့အား လုံးဝဥသုံပလစ်ထားသည့်အတွက် အလွန်တရာနှာကစ်သွား​လေသည်။

ထို့​ကြောင့် သူသည်ယွီချင့်ဟွမ်အားတမင်တကာဘေးသို့တံ​​တောင်နဲ့တွတ်လိုက်ပြီး ​ဟော်ချွီ​ရှေ့တိုးသွား၏။

"ငါဒီမှာ ငါဒီမှာ"

သူ့စကားဆုံးသွားရုံရှိ​သေး ​ဟော်ချွီမှာမ​ပျော်မပိုက် မျက်​​မှောင်​တွေကျုံ့သွားပြီး ဘေးနား​ရွှေ့လို့သွားသည်မှာ သူ့အကိုမျက်နှာပြဲပြဲကြီးအားကျော်လွန်၍ ချင့်ဟွမ်မျက်နှာ​တွေ့ရသည်အထိ မရပ်ပေ။

ရည်းစား​လေးထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)Where stories live. Discover now