Final Chapter (Unicode)

Start from the beginning
                                    

Mcqueen က စနောက်လိုက်တော့ Ryan က သူ့လက်ထဲက ယောင်းမကို ကိုင်ပြီး Mcqueen ကို ရွယ်ကာ လှမ်းရိုက်ချင်နေလေသည် ။

Mcqueen က စနောက်လိုက်တော့ Ryan က သူ့လက်ထဲက ယောင်းမကို ကိုင်ပြီး Mcqueen ကို ရွယ်ကာ လှမ်းရိုက်ချင်နေလေသည် ။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

" တိတ်တိတ်နေစမ်းပါ... အော်... ဒါနဲ့ မင်း မပြန်ခင် ငါ့ကို မင်းရဲ့ ပါစတာလုပ်နည်း အညွှန်းရေးပေးခဲ့ဦးနော်... "

Ryan က မကျေမချမ်း အသံဖြင့် ပြောလေသည် ။

ပါစတာက Mcqueen ၏ စပယ်ရှယ် လက်ရာ ဖြစ်ပြီး သူ့ဆီသွားတိုင်း ကျွန်တော့်ကို Mcqueen က လုပ်ကျွေးလေ့ရှိသည် ။

" ဒီတစ်ခါ ချက်ထားတာ အရင်ဟာတွေနဲ့ အရသာ မတူဘူး... Daddy... ဒီတစ်ခါ တော်တော်လေး စားကောင်းတယ်... "
Cecil လေးက အားရပါးရ စားရင်း Ryan ကို ချီးကျူးနေလေသည် ။

" တကယ်လား... Cecil... Daddy လက်ရာ တိုးတက်လာတယ်ပေါ့... ဟုတ်လား... "
Ryan က ဝမ်းသာနေလေသည် ။

Ryan တစ်ယောက် အတိတ်အရိပ်များထဲတွင် ပိတ်မိခဲ့စဥ်က သူ့ကိုယ်သူပင် မကယ်တင်နိုင်ခဲ့သည့် အချိန်တို့ကို ကျွန်တော် မြင်ခဲ့ဖူးသည် ။
သို့သော်လည်း ယခုတွေ့နေရသော Ryan သည် အတိတ်မှ Ryan နှင့် လုံးဝ မတူတော့ဘဲ မျှော်လင့်ချက်များ ပြည့်နေသည့် တက်ကြွသည့် Single Father တစ်ယောက်အဖြစ် တွေ့နေရလေသည် ။

လူသားနှစ်ဦး တစ်ဦးကို တစ်ဦး မှီခိုရင်း ချစ်ခင်စွာ အတူတူနေထိုင်ကြခြင်းသည် သာမန်မိသားစု ဘဝလေးနှင့် မခြား ကောင်းမွန်ပျော်ရွှင်ဖွယ်ရာအတိ ဖြစ်လေသည်ကို နောက်ဆုံးတော့ ကျွန်တော် နားလည်နိုင်ခဲ့လေပြီ ။

လူသားနှစ်ဦး တစ်ဦးကို တစ်ဦး မှီခိုရင်း ချစ်ခင်စွာ အတူတူနေထိုင်ကြခြင်းသည် သာမန်မိသားစု ဘဝလေးနှင့် မခြား ကောင်းမွန်ပျော်ရွှင်ဖွယ်ရာအတိ ဖြစ်လေသည်ကို နောက်ဆုံးတော့ ကျွန်တော် နားလည်နိုင်ခဲ့လေပြီ ။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
ရေပြင်ပေါ်၌ လမ်းလျှောက်ခြင်း Completed ( မြန်မာဘာသာပြန်)Where stories live. Discover now