အပိုင်း - ၃၂

Depuis le début
                                    

သူ စကားပြောချိန်မှာ သူ့မျက်လုံးတွေက မော့ကျူးချန်ပေါ်ကိုသာ ကျရောက်နေတယ်။ သူက အသံနိမ့်နိမ့်နဲ့ တစ်လုံးချင်းစီ ဖြေးညှင်းစွာ ပြောလိုက်တယ် "ငါက ကလေးမဆန်ဘူး!"

တကယ့်ကို ကလေးကလားဆန်တဲ့ ကလေးမျက်နှာလေးအပြင် မော့ကျူးချန်နဲ့ အချိန်းအချက်လုပ်ဖို့ လာရှာတဲ့ ဒီကောင်လေးပုံစံက ပိုပြီးတော့တောင် ကလေးဆန်သေးတယ်လို့သာ လင်ရှန်း တွေးလိုက်နိုင်တယ်။

"ငါက ချောင်းဝေ့ရင်း!" ကောင်လေးက မော်ကြွားစွာနဲ့ မေးကိုမော့ထားလိုက်တယ် "မင်း ငါ့နာမည်ကို ကြားဖူးမှာပေါ့!" [ T/N : လန်ကျန့်ရော ဘယ်ကျန်ခဲ့လဲ ]

လင်ရှန်းနှလုံးသားက ရုတ်တရက် ဂယက်ထသွားတယ်။ သူ အဲ့နာမည်ကို တကယ်သိနေတယ်။ တစ်ဖက်လူရဲ့တချို့သော အချက်အလက်က သူ့ရဲ့အသိစိတ်ထဲမှာ ပေါ်လာတယ်။

ချောင်းဝေ့ရင်း၊ ကလေးမျက်နှာလေးနဲ့ သူတို့တွေထက် နှစ်နှစ် သုံးနှစ်လောက် ပိုငယ်တဲ့ပုံပေါက်ပေမယ့် တကယ်တမ်းမှာ ထိုလူက သူတို့နဲ့စာသင်နှစ်အတူတူ အထက်တန်းကျောင်းရဲ့ တတိယနှစ်ကျောင်းသားတစ်ယောက်ဖြစ်တယ်။

သူက Sမြို့တော်ရဲ့ သီးသန့်အလယ်တန်းကျောင်းတစ်ခုဖြစ်တဲ့ ခိုင်ရွေ့ကျောင်းက ကျောင်းသားတစ်ယောက်ဖြစ်တယ်။ စာအုပ်ထဲမှာ သူက လုမြောင်မြောင်ကို လိုက်ပိုးနေသူဖြစ်တယ်။ [ T/N : ခိုင်ရွေ့ - အောင်ပန်းဆွတ်မယ့် တိုက်ခိုက်ရေးဝိဉာဉ် ]

ပိုပြီး အရေးကြီးတာက... အမြှောက်စာမိမယ့်သူလေး။

ချောင်းဝေ့ရင်းက ချောင်းမိသားစုမျိုးဆက်ရဲ့ အငယ်ဆုံးလေးဖြစ်တာကြောင့် ပစားပေးခံရပြီး အလိုလိုက်ထားတာကြောင့် စည်းဘောင်မရှိတဲ့ စရိုက်မျိုးဖြစ်နေတယ်။ သို့သော် ချောင်းမိသားစုတွေက အနက်နဲ့အဖြူဖြစ်ပြီး စည်းစိမ်နဲ့အာဏာအချိုးအစားကတော့ မော့မိသားစုနဲ့ အလွန့်အလွန် ကွာခြားလှတယ်ဆိုပေမယ့် ဒါကိုလည်း အထင်သွားသေးလို့ မရဘူး။ [ T/N : အနက်နဲ့အဖြူ - အရာရှိတွေနဲ့ အရပ်သား၊ ရဲနဲ့ လူဆိုး ]

သူက နောက်ပိုင်းမှာ လုမြောင်မြောင်ကို အများကြီး ကူညီပေးခဲ့တယ်။ စုတျန်းတျန်းနဲ့ မော့ကျူးချန်တို့ ကွဲသွားရတဲ့ ငါးနှစ်တာအချိန်အတွက် သူကလည်း တစ်စိတ်တစ်ပိုင်းပါဝင်ခဲ့တယ်။ နောက်ပြီး အဲ့တာကြောင့်ပဲ သူနဲ့ မော့ကျူးချန်တို့တွေ ရန်ငြိုးဖွဲ့ခဲ့ရပြီး နောက်ပိုင်းမှာ အလွန်ကို ရက်စက်ခဲ့ကြတယ်။

ကျောင်းတွင်းအချစ်ဝတ္ထုထဲမှာ ငါလေးက သုံးပိုင်းတည်းပါတာလေ! [ဘာသာပြန်]Où les histoires vivent. Découvrez maintenant