ဒီကြားထဲ မင်္ဂလာပွဲ အတွက် ကိုယ့်မှာ အားထည့်ရနဲ့ အတော်ပင်ပန်းတယ်....ဘယ်လောက်ဘဲ ပင်ပန်းပါစေ ချစ်ရသူလေးအနားမှာရှိတော့ ပင်ပန်းမှုတွေဘယ်ဆီရောက်မှန်းမသိ။

" လွမ်းနေတာ.... "

Yan ကို ပေါင်ပေါ်ဆွဲတင်ကာ... နောက်ကျောပြင်ကို မျက်နှာ အပ်ပြီး..... လွမ်းကြောင်းပြောနေတဲ့ ဦးမှိုင်း......

" ပြွတ်စ်~~~~~ အားရှိသွားပြီလား "

မထင်မှတ်တဲ့ အနမ်းလေးကြောင့် Yan  ရင်တွေ ခုန်မိသည်....

" အခုမှဘဲ အားရှိသွားတော့တယ်...ချစ်တယ် ငယ် "

" ကျွန်တော်က ပိုချစ်ခဲ့တာ "

" ပိုချစ်ရင် ပိုနာကျင်ရတယ်..... နောက်ဆို ကိုယ်ဘဲ ပိုချစ်မယ်.... ဘယ်ကြောင့်ဖြစ်ဖြစ် ငယ့်ကို မနာကျင်စေချင်တော့ဘူး..... "

ဦးမှိုင်းရဲ့...... မုသားမပါတဲ့ စကားတွေ ကြောင့် Yan ပြုံးမိသည်....

" အခုတော့ ထမင်းစားရအောင်နော်.... ဦးမှိုင်းကြိုက်တာတွေ ကျွန်တော် ချက်လာတယ် "

" အာ..... ကိုယ့်ဇနီးလောင်းလေးက ချစ်ဖို့ ကောင်းလိုက်တာ.... "

ပြောလိုက်တော့ ရှက်လို့.... ပါးလေးတွေ နီမြန်းသွားတာ..... အရမ်းချစ်ဖို့ ကောင်းတယ်....

နေ့လည်စာလေးကတော့.... နှစ်ယောက်သား.... တစ်ယောက်တစ်လှည့် ခွံကျွေးရင်း....ဟာသတွေ ပြောရင်း.... ရုံးခန်းတစ်ခုလုံး သူတို့ရဲ့ ရယ်မော သံလေးတွေနဲ့ဘဲ ပြည့်နှပ်သွားတော့တယ်.... ဦးမှိုင်းက တော့ သူ့ရဲ့ အရှက်သည်းနေတဲ့ ယောက်ကျားလောင်းလေးကို ချော့ရင်းပေါ့....။

" မပြန်နဲ့တော့ငယ်.....ညနေ ရုံးဆင်းမှ ကိုယ်နဲ့ အတူပြန်မယ် "

ပြန်မယ် လုပ်နေတဲ့ Yan ကို မပြန်ခိုင်းတာကြောင့်.... ဘေးမှာရှိတဲ့ ဆိုဖာ ပေါ် ထိုင်ကာ..... စာရင်းတွေ ပြန်လုပ်နေတဲ့ ဦးမှိုင်းကို သာငေးကြည့်နေလိုက်တော့တယ်.....။

စာကြည့် မျက်မှန်ကိုင်းအောက်မှာ.... စူးရှတဲ့ မျက်ဝန်းတွေနဲ့ ဦးမှိုင်း..... Yan တစ်ယောက်ထဲ ရှေ့မှာသာ.... အမြဲပြုံးတက်တဲ့ ဦးမှိုင်းကြီး.... အခုတော့ သူ့အလုပ်ကို သေချာ ဂရုတစိုက်လုပ်နေသည်.... ဘယ်ချိန် မဆို... ငေးကြည့်ရလောက်အောင်... အရမ်းခန့်တဲ့ ဦးမှိုင်းကြီး...။

Mr.Z..../ S1 ( Z &U )CompleteWhere stories live. Discover now