Chapter 57 (Zawgyi)

Start from the beginning
                                    

" ဘာလို့လဲ ဆိုတော့ ငါ သူ့ကို သဘောကျလို့... "

" ...... "

ကျွန်တော် ကိုယ့်အဖြေပေါ် ကိုယ် ရှက်ရွံ့သွားကာ ခေါင်းငုံ့ပြီး တိတ်ဆိတ်သွားမိသည် ။

Ryan က ဘာမှ မပြောသော်လည်း သူ့ မျက်လုံးများကို ကြည့်ခြင်းဖြင့် သူ့စိတ်ထဲတွင် ကျွန်တော် နောက်တစ်ကြိမ် နာကျင်ခံစားရမည်ကို စိုးရိမ်နေမှန်း သိနိုင်လေသည် ။

" Ryan... ငါ... ငါ အဆင်ပြေပါတယ်... တကယ်ပြောတာ... "

ရုတ်တရက် အိမ်တံခါး ခေါက်သံ ကြားလိုက်ရသောကြောင့် Ryan က ဇဝေဇဝါဖြင့် တံခါးသွားဖွင့်ပေးလေသည် ။
ထို့နောက်တွင် ကျွန်တော့်အား လှမ်းအော်ခေါ်လာသည် ။

" Edd... မင်းကို လူတစ်ယောက် လာရှာတယ်... "

" ငါ့ကို? ... ဘယ်သူလဲ... "

ကျွန်တော် အိမ်ရှေ့ထွက်လာချိန်တွင်တော့ တံခါးဝတွင် ရပ်နေသော ချန်းကောကို တွေ့လိုက်ရလေသည် ။

ကျွန်တော် အိမ်ရှေ့ထွက်လာချိန်တွင်တော့ တံခါးဝတွင် ရပ်နေသော ချန်းကောကို တွေ့လိုက်ရလေသည် ။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ချန်းကော၏ မျက်နှာတွင်လည်း Mcqueen ထက် မလျော့သော ဒဏ်ရာဒဏ်ချက်များ ရှိနေလေသည် ။

ကျွန်တော် ချန်းကောကို ခပ်စိမ်းစိမ်း ကြည့်နေမိသောကြောင့် Ryan က မေးလာသည် ။

" ဘာလဲ... Edd... မင်း သူ့ကို မသိဘူးလား... "

" ငါသွားပြီ Ryan... "

ကျွန်တော် ချန်းလျှို့ကို မျက်နှာချင်း မဆိုင်ချင်သောကြောင့် လစ်လျှူရှုပြီး အိမ်ထဲက ထွက်လာလိုက်သည် ။
ချန်းလျှို့က ကျွန်တော့်နောက် အပြေး လိုက်လာလေသည် ။

လှေကားနား အရောက်တွင် မီလာပြီး ကျွန်တော့်လက်ကို လှမ်းဆွဲလေသည် ။

ရေပြင်ပေါ်၌ လမ်းလျှောက်ခြင်း Completed ( မြန်မာဘာသာပြန်)Where stories live. Discover now