"ဒါကတော့သူကိုနားဝင်အောင်ပြောရမှာဘဲ
လက်မခံလည်းလက်ခံအောင် မင်းပြော ဒါပဲ! "

အခန်းထဲကထွက်သွားသည့် Mr. Kimကို
ကြည့်ကာကြိတ်မနိုင်ခဲမရဖြစ်ရင်းမကျေနပ်
ချင်တွေနဲ့ကျန်နေသော Mrs. Kimက
တော်တော်လေးဒေါသထွက်နေသည်။သူလုပ်ချင်
တာသာအမြဲသိတဲ့ ကင်မ်ချာယောင်း က
ဘယ်သောအခါမှ တစ်ပါးသူကိုအားနာရကောင်း
မှန်းမသိ။အခုတော့ အဆင်ပြေမယ်ကြံခါမှ
မျက်နှာပျက်စရာတွေထပ်ဖြစ်လာတော့မယ်။

....

ဒီနေ့တော့ အလုပ်ရှိတာကြောင့် ခပ်စောစော
ထကာပြင်ဆင်ပြီး မနက်စာကိုမြန်မြန်လေး
သွတ်ကာ ကိရိယာပစ္စည်း တစ်ပွေ့တစ်ပိုက်
နဲ့ ထွက်လာခဲ့တော့ ခြံထဲမှာအဝတ်လှန်းနေသော
Ommaကိုအသံပြုရင်း

" Ommaကျွန်တော်သွားပြီနော်...."

"ကောင်းကောင်းသွား မနက်စာစားပြီးပြီလား
ommaစားပွဲပေါ်မှာသားစားဖို့ပြင်ပေးထားတယ်လေ"

"စားပြီးomma"

ပစ္စည်းတွေကိုကားထဲထည့်ကာမောင်း
ထွက်လာခဲ့တော့သည်။အချိန်တစ်ခုကြာ
မောင်းလာပြီး ဟန်ဆောင်းလုပ်ငန်းစုရဲ့
လုပါငန်းခွဲဖြစ်တဲ့ Taehyungအပိုင်
ဟိုတယ်ဆီရောက်လာသည်။

ကားပါကင်ထိုးပြီး ပစ္စည်းတွေသယ်လာတော့
အပြေးလေးလာကူသည်ပေးတဲ့ ဒယ်ဆောင်း...၊
ဒယ်ဆောင်းကတော့သူ့ရဲ့လက်ထောက်
ဒယ်ဆောင်းအပါအဝင်အဖွဲ့သားအချို့ကတော့
ဗိသုကာ လိုရုပ်လုံးရုပ်ကြွဒီဇိုင်းတွေဆွဲရပြီး
သူနဲ့တစ်ချို့ကတော့ အလှဆေးပန်ချီဆွဲတာဖြစ်သည်။

"စီနီယာ... ဒီနေ့နောက်ကျနေတယ် CEO
တောင်ရောက်နေပြီ "

"ဟုတ်လား... ငါလဲစောစောထွက်လာတာဘဲ၊
လမ်းမှာကားတွေကကြပ်နေတာကို"

" အခု... ကျွန်တော်တို့အဖွဲ့သားတွေဘဲ
ပတ်ရမ်းခံနေရတာ၊ စီနီယာကပုံကြမ်းကို
ကျွန်တော်တို့ကိုမှမပြရသေးဘဲ...
CEOကိုအရင်ပေးလိုက်တော့...
သူက အခုစီနီယာပေးတဲ့ပုံကြမ်းတိုင်းပြင်မယ်
ပြောတာ ၊...ကျွန်တော်တို့မှာမရှိတော့
ဘယ်လိုဆွဲရမှာလဲ...၊အခု စီနီယာလာတဲ့ထိ
စောင့်နေရတာ ဟိုဘက်ဒီဇိုင်းဌာနမှာဖြစ်တဲ့
ပြဿနာက ကျွန်တော်တို့ပါ ပါကုန်ရော..."

𝗠𝘆 𝗣𝗲𝗿𝗳𝗲𝗰𝘁 𝗔𝗹𝗽𝗵𝗮 [ 𝙑𝙠𝙤𝙤𝙠 ]©✓Where stories live. Discover now