22

3.4K 155 0
                                    

နှလုံးသားစေရာ
အပိုင်း ၂၂

"တီလင်း... လာလို့... Tvကြည့်ရအောင်လို့... နော်နော်"

အခန်းထဲတွင် တူတွေတူမတွေ ခြေခြင်းရှုပ်နေကြသည်။

"တူးတူး... တီလင်းအိပ်ချင်လို့ပါကွာ... နော်"

သူမကုတင်ပေါ်ထိတက်ကာ ပြောင်းဆန်အောင်ဆော့နေတဲ့ ကလေးသုံးယောက်ကြောင့် လင်းဆက်ပြီး ခွေမနေနိုင်တော့။

"တီလင်းရေမဆော့လို့ ဂျူးဂျူးတို့ကို ဖေဖေကမလွှတ်ဘူး..."

မျက်နှာငယ်လေးနဲ့ပြောနေတဲ့ကောင်မလေးဆံပင်တွေကို အသာဖွနေရင်း သူမ၏ကွန်ပြူတာတွေ လက်တော့ပ်တွေနဲ့ ဆွဲလက်စပုံကြမ်းတွေကို စိတ်ဝင်စားနေတဲ့ ထူးထူးကိုကြည့်လိုက်သည်။

"ဒါတွေအားလုံး တီလင်းဆွဲထားတာလား..."

"ဒါပေါ့..."

"ဝါး... တီလင်းကတော်လိုက်တာ"

ကလေးသုံးယောက်သူမ၏ sketch တွေကို စိတ်ဝင်တစားကြည့်နေကြသည်။ သူမ... အခန်းထဲကမထွက်ချင်။ မေမေ့ကို... ဖေဖေ့ကို ပြီးတော့ မိသားစုဝင်အားလုံးကို လင်းရင်မဆိုင်ရဲ... မေမေက ဒီလိုသိတ္တိကြောင်တာကို မကြိုက်မှန်းသိသည်။ သို့သော် စိတ်ပျက်စွာကြည့်နေမယ့် မေမေ့မျက်ဝန်းတွေကို ပိုကြောက်နေမိသည်။

"လင်းငယ်... နင်မနက်စာစားဖို့ အစီစဉ်မရှိဘူးလား... ထွက်ခဲ့... ဝေဝေတို့အိမ်ဘက်က နံကထိပို့ထားတယ်။ လာစား..."

အခန်းဝကနေ လာပြောပြီးထွက်သွားတဲ့ မမကြီးစကားကြောင့် လင်း ထွက်လာခဲ့ရတော့သည်။
မနက်စာ စားတော့လင်း၁ယောက်ထဲ။ ၈နာရီကျော်ပြီကိုး... အားလုံးနိုးနေကြရောပေါ့။ လင်းက ကောင်ညှင်းနဲ့လုပ်တဲ့အစာ တော်တော်များများကြိုက်သည်။ နံကထိဆိုတာက ကောက်ညှင်းကိုပေါင်းပြီး အုန်းနို့ဆမ်း၊ သကြားဖြူး အုန်းသီးဆံဖြူးပြီး စားရသော အစားအစာတစ်မျိုး...။ သူမတို့ဒေသမှာ သင်္ကြန် အတက်၊ နှစ်ဆန်းတရက် ဒီလိုရက်များတွင် ဘုရားတွေဘုန်းကြီးတွေမှာ ရေသပ္ပါယ်ခံပြီး ရေလှူလာတဲ့သူတွေကို မုန့်လက်ဆောင်း၊ ရွှေရင်အေး၊ မုန့်ဟင်းခါးစသည်ဖြင့် စတုဒီသာပြန်လည်ဧည့်ခံကြသည်။ လင်းက အိပ်ယာနိုးနောက်ကျလို့ ရေလှူမသွားရဘူးပေါ့... ဟုတ်သား။ လင်းတို့ ဘိုးဘွားမိဘပိုင်ဘုရား...

နှလုံးသားစေရာ Where stories live. Discover now