လူစီးရပ်စ်စတိုင်ကြောင့်တော့ ဒီက အဲလစ်စ်ရူးတော့မယ်😫

"ရော့...အဖေ့အတွက်.."

ခုနက ရေဆာတယ် လို့ပြောလိုက်မိတာကြောင့် ရေခပ်ပေးလာသော ကလေးငယ်💚
အော်...ချစ်တာဟယ်။

"အဖေ!သောက်လေ..ဘာကြည့်နေတာလဲ?"

"အော်...အေး.."

ရေတောင် ဒရေကို ခပ်ပေးတဲ့ရေမို့လား...မသိ။
အရသာကို ရှိလို့...😋😋

ဟို..ခုနက မစ္စစ် မီရာဆိုတဲ့ မိန်းမကြီး ခပ်ပေးတာဆိုရင် ရေငတ်တောင် မပြေဘူး...။

"မစ္စတာ မာလ်ဖွိုင်း! ဆန်ပြုတ်ရပါပြီ.."

အခန်းထဲသို့ ဆန်ပြုတ်ဗန်းကိုင်ပြီး ဝင်လာသော မစ္စစ်မီရာ ကိုကြည့်ပြီး အဲလစ်စ် တွေးလိုက်မိသည်...။သက်ဆိုးရှည်တော့မယ် 😒😒

"ဒါဆို ကျတော်သွားတော့မယ်နော်!အဖေ..မစ္စစ် ကျတော့အဖေကို သေချာကြည့်ပေးပါဦး..."

ဒရေကိုက လူစီးရပ်စ်ဘက်ကို လှည့်ကာ နှုတ်ဆက်လိုက်ကာ မစ္စစ်မီရာကို လှည့်ကာ စောင့်ရှောက်ရန် ပြောသည်...။

နေဦး...သူက ဘာမို့လို့ ငါ့စောင့်ရှောက်ရမှာလဲ?

( System !)

(ဗျာ....)

( အခုငါ့ရှေ့ကို တည့်တည့်လာနေတဲ့ မိန်းမက ဘာလဲ?)

(မိန်းမပါ... Host!)

(အေး...အဲ့မိန်းမက ဘာလဲလို့..!)

(အဲ့မိန်းမက မိန်းမပဲလေ..Host ရဲ့!)

(ချီး...အဲ့မိန်းမက ငါ့ဆီ ဘာလို့်လာနေလဲ မေးတာဟဲ့)

ဒီ System ကို တော်မယ်ထင်ခဲ့တာ..တကယ်တော့ အတော်လွန်လွန်းလို့ သုံးစားမရတာပဲဟ..။

(အော်...သူ့ပဲ မေးကြည့်လိုက်ပေါ့..!ဒါနဲ့ host မဆဲနဲ့ဗျာ..)

( နင်က ဆဲချင်အောင် လုပ်နေတာကို.. !ဘာမှ သုံးစားလို့မရဘဲနဲ့များ..သွားတော့.!နင့်ကို မလိုဘူး!)

"မစ္စတာ မာလ်ဖွိုင်း!ကျမတို့ ဆန်ပြုတ်သောက်ရအောင်!"

မစ္စစ်မီရာ က ဆန်ပြုတ်ကို တစ်ဇွန်းချင်း ခပ်ကာ အသေအချာ မှုတ်ပေးနေသည်...။

My Fujoshi Father... (ကျွန်တော့ရဲ့ Fujoshi ဖေဖေ )Where stories live. Discover now