"မဟုတ်ဘူး Baby ပါးက ရနေတာ ''

"အော် ဟင်းချက်နေတော့ ဆီညှော်နံ့တွေစွဲနေမှာပေါ့ Darling ရဲ့ ''

"ဟုတ်တယ်နော့် လာ Baby ဒီက Darling နဲ့ ရေအတူချိုးရအောင် ''

"ဟင့်အင်း မချိုး ''

ပြောလို့မဆုံးလိုက်ပါ ။ သူ့၏ ခန္ဓာကိုယ်က လေပေါ် မြောက်သွားတဲ့ခံစားချက်နဲ့အတူ Lucas ရင်ခွင်ထဲမှာ တစ်မဟုတ်ချင်း ရောက်ရှိသွားတော့သည်။

သူ့ချစ်သူ၏ အကဲပိုမှုတွေက သူ့အတွက် စိတ်ပျက်စရာမဟုတ်ဘဲ ကြည်နူးစရာကောင်းသည်။

-----

နှစ်တွေအကြာကြီး ချစ်သူအနားမှာ အဖော်မွန်တစ်ယောက်အဖြစ်ရပ်တည်နေထိုင်ပြီး သစ္စာရှိပေးခဲ့သည်။

သူတို့ နှစ်ယောက် ချစ်ခြင်းက လူအများက အားကျရသည်အထိ ကြီးမြတ်နေခဲ့သည်။

နေဝင်ဆည်းဆာတစ်ခုကိုကြည့်ရင်း တစ်ဦးရဲ့ပုခုံးပေါ်မှာ တစ်ဦးက မှီထားသည်။

ကမ်းစပ်ကို လာရိုက်ခတ်တဲ့ လှိုင်းလေးတွေက နေဝင်ရီတရောအချိန်၌ ကောင်းကင်မှာ တည်ရှိနေဆဲ တိမ်ရောင်တို့က ထင်ဟပ်နေသည်။

တလိပ်လိပ်နဲ့ အနားတွန့်လှိုင်းလေးများကို ငေးကြည့်ရင်းပြုံးနေသည့် ချစ်သူမျက်နှာအား လည်တံမော့ကာ ငေးကြည့်လိုက်သည်။ သူတို့က အခုကမ်းခြေမှာ ဆောက်ထားတဲ့ Villa မှာ အပန်းဖြေနေထိုင်နေကြတာဖြစ်သည်။ လုပ်ငန်းတွေကို Noah တို့မိသားစုနဲ့ လွှဲကာ သူတို့နှစ်ယောက်က ထိုင်စားလုပ်နေကြသည်။

အမျိုးသား နှစ်ယောက်ချစ်ခြင်းက သားသမီးရတနာမထွန်းကားတာကြောင့် ရှယ်ယာဒုတိယအများဆုံးဖြစ်တဲ့ Noah ကို CEO ရာထူးပေးလိုက်တာဖြစ်သည်။
Alex နဲ့ Noah က နားလည်မှုနဲ့အတူ မိဘသဘောတူတာကြောင့်ပါ လက်ထပ်ဖြစ်သွားကြသည်။ သူတို့သားလေးလည်း ၁၉နှစ် ကျော်အရွယ် ရောက်နေပြီ ။

"Darling ချစ်တယ် ''

လည်တံမော့ကာ ပြုံးပြရင်း ပြောလာသည့် သူလေးရဲ့ နူတ်ခမ်းကို ငုံထွေးလိုက်ပြီး Lucas ကလည်း ပြန်ပြောသည် ။

Peculiarly System [Completed ]Onde as histórias ganham vida. Descobre agora